စားကျက်မြေ အကြောင်း သိကောင်းစရာ
(Unicode)
"စားကျက်မြေကို ကျူးကျော် လုပ်ကိုင် နေထိုင်လျှင် မည်သူမဆို တစ်လထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ်နှစ်ရာထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကိုဖြစ်စေ စီရင်ခြင်း ခံရမည်။ မည်သူမဆို စားကျက်မြေ၏ မည်သည့် အစိတ်အပိုင်းကို မဆို ရယူနေထိုင် အသုံးပြုလျှင် နည်းဥပဒေ ၇၆-က နှင့်အညီ မြေခွန် ထိုက်သင့်စေရမည်။ ထိုသူအား နည်းဥပဒေ ၅၂ တွင် ဖေါ်ပြသည့် နည်းလမ်းနှင့်အညီ မည်သည့် အချိန်တွင်မဆို နှင်ထုတ် ဖယ်ရှားခြင်း ပြုလုပ်နိုင်သည်" (အောက်မြန်မာနိုင်ငံအတွက်)
စားကျက်မြေကို နည်းဥပဒေ ၆၈ အရ အပြီးသတ် နယ်နိမိတ် သတ်မှတ် ပိုင်းခြားခြင်း ပြုလုပ်ပြီးသည့်အခါ၊ ကျေးရွာတို့အတွက် ခွဲဝေချထား ပေးသည့် စားကျက်မြေတွင် ကျေးရွာနေ စိုက်ပျိုး လုပ်ကိုင်သူ မဟုတ်ပဲ မည်သူကမဆို ကျွဲနွား လွှတ်ကျောင်း လျှင်၊ သို့မဟုတ် အဆိုပါစားကျက်တွင် မည်သည့် အပိုင်းတွင်မဆို ဝင်ရောက် နေထိုင်လျှင်၊ သို့မဟုတ် ခရိုင် အုပ်ချုပ်ရေးမှူး၏ အထူးခွင့်ပြုမိန့် မရရှိဘဲ စားကျက်တွင်ရှိသော သစ်ပင်များကို ဖြတ်တောက်ခြင်း၊ ခုတ်လှဲခြင်း သို့မဟုတ် ရွှေ့ပြောင်း သယ်ယူခြင်း ပြုလုပ်လျှင်၊ သို့မဟုတ် ယင်းတွင်ရှိသော မြက်များကို ရိတ်ယူ သယ်ဆောင်လျှင်၊ ရာဇဝတ်တရားသူကြီး ရှေ့မှောက်၌ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရမည် ဖြစ်သည်။ မည်သူမဆို စားကျက်မြေ၏ မည်သည့် အစိတ်အပိုင်း ကိုမဆို ရယူနေထိုင် အသုံးပြုလျှင် နည်းဥပဒေ ၇၆-က နှင့်အညီ မြေခွန် ထိုက်သင့်စေရမည်။ ထိုသူအား နည်းဥပဒေ ၅၂ တွင် ဖေါ်ပြသည့် နည်းလမ်းနှင့်အညီ မည်သည့် အချိန်တွင်မဆို နှင်ထုတ် ဖယ်ရှားခြင်း ပြုလုပ်နိုင်သည်ဟု ပြဌာန်း ထားပါသည်။
နည်းဥပဒေ ပြဌာန်းချက်သည် စားကျက်မြေကို မည်သူတို့ကသာ စားကျက်အဖြစ် အသုံးပြုခွင့် ရသည်ကိုပြဌာန်း ထားပါသည်။ စားကျက်အဖြစ် အသုံးပြုရမည့် ကျေးရွာများ၏ အမည်နှင့်တကွ ခွဲဝေချထားပေးပါသည်၊ သို့ရာတွင် အမည်စာရင်းပါ ကျေးရွာများရှိ မည်သူမဆို အသုံးပြုခွင့် ပေးသည် မဟုတ်ပါ။ အမည်စာရင်းပါ ကျေးရွာနေ စိုက်ပျိုးလုပ်ကိုင်သူ၊ တနည်းအားဖြင့် ကျွဲနွားကို အသုံးပြုနေရသည့် တောင်သူလယ်သမားတို့၏ ကျွဲနွားများ အတွက် စားကျက်အဖြစ် အသုံးပြု ရန်သာ ခွဲဝေချထားပေးခြင်း ဖြစ်ပါသည်။ လုပ်ငန်းခွင် သုံးအတွက် မဟုတ်ဘဲ ကျွဲနွားမွေးမြူသူများ ကဲ့သို့သော တောင်သူ လယ်သမား မဟုတ်သူများ (ဥပမာအားဖြင့် နို့စားနွားမွေးမြူသူ၊ အသားစားနွားမွေးမြူသူ) အနေဖြင့် အဆိုပါ စားကျက်ကို အသုံးပြုခွင့် မရှိပါ။ လိုအပ်ပါက ၎င်းတို့က ပုဂ္ဂလိကဆိုင်ရာ စားကျက်အဖြစ် လျှောက်ထား ရယူဆောင်ရွက် ရပါမည်။ ထို့ပြင် အဆိုပါ စားကျက်မှ ကျွဲနွားစာဖြစ်သည့် မြက်တို့ကို ရိတ်ဖြတ်ယူ၍ နေအိမ်ရှိ တင်းကုတ်တွင် ကျွေးမွေးခြင်းလည်း ပြုခွင့်မရှိပါ။ ယင်းသို့ ရိတ်ဖြတ်ရန် ကျေးရွာဘုံမြေ ဟူသည်ကို သီးခြား သတ်မှတ် ပေးထားပါသည်။ ထိုစားကျက်မှ သစ်ပင်များသည် ကျွဲနွားများ စားကျက်အတွင် အရိတ်ခို နားနေရန်ဖြစ်သည့် အလျှောက် သစ်ပင်များကိုလည်း ခရိုင် အုပ်ချုပ်ရေးမှူး၏ အထူးသီးခြား ထုတ်ပေးသည့် အမိန့်မရရှိဘဲ ခုတ်လှဲ သယ်ဆောင်ခွင့်မရှိပါ။ စားကျက်မြေတွင် မည်သူမျှလည်း နေအိမ်ဆောက်လုပ်ခွင့် မပြုပါ။ ဖေါက်ဖျက်ပါက အရေးယူခြင်း ခံရပါမည်။ ထိုသို့ အရေးယူရာတွင် ဤနည်းဥပဒေကို ဖောက်ဖျက်မှုဖြင့် တရားစွဲဆို ရပါမည်။ ဤသည်တွင် ပြစ်မှုတင်ရှားပါက တစ်လထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်နှစ်ရာထက် မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကိုဖြစ်စေ စီရင်ခြင်းခံရမည်ဖြစ် ပါသည်။
ထိုသို့ အရေးယူ ဆောင်ရွက်ရုံမျှနှင့် မပြီးသေးပါ၊ ဆက်လက် ကျူးကျော် လုပ်ကိုင်ဆောင်ရွက် နေထိုင်ပါက နည်းဥပဒေ ၇၆-က နှင့် ၅၂ တို့အရ ဆက်လက် ဆောင်ရွက်ရပါမည်။ နည်းဥပဒေ ၇၆-က တွင် ဤကဲ့သို့ ကျူးလွန်ပါက ပတ်ဝန်းကျင်ရှိ မြေများ အပေါ် အသုံးပြုသည့် ကာလများ အတွက် မြေခွန် ၂ ဆစီ စည်းကြပ် ကောက်ခံရန် ပြဌာန်းထားပါသည်။ ထို့ပြင် နည်းဥပဒေ ၅၂ တွင် ထိုသူအား နှင်ထုတ်သည့် အကြောင်းကြား နို့တစ်စာကို ပေးအပ်သော်လည်း လိုက်နာရန်ပျက်ကွက်ပါက ထပ်မံတရားစွဲဆို အပြစ်ပေးရန် သတ်မှတ် ပြဌာန်းထားပါသည်။ တရားစွဲဆို အရေးယူမှု နှစ်မျိုး ပြုလုပ်နိုင်သည်ကို တွေ့ရပါသည်။ တစ်မျိုးမှာ ကျူးကျော်နေထိုင်ခြင်း ပြစ်မှုဖြစ်ပြီး၊ ဒုတိယပြစ်မှုများ နှင်ထုတ်သည့် နို့တစ်စာကို မလိုက်နာသည့်ပြစ်မှု ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပါသည်။ မိရိုးဖလာ စီးပွားရေး လုပ်ငန်းလည်းဖြစ်ပါသည်။ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ရောက်ရှိခြင်း မရှိသေးသော နိုင်ငံများတွင် ကျွဲနွားများသည် လယ်ယာ ကုန်ထုတ်လုပ်ငန်းအတွက် အရေးကြီးသော ကုန်ထုတ်ကိရိယာများ ဖြစ်သည်။ ကျေးရွာ များတွင် သွားရေး၊ လာရေး၊ ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရေးအတွက် လှည်းနှင့်ကျွဲနွားများသည် မရှိမဖြစ်လိုအပ်သော မိတ်ဖက်များ ဖြစ်ကြပါသည်။ ထို့ကြောင့် ရှေးယခင်ကပင် ကျေးလက်များတွင် ရွာဘုံမြေ၊ ကျွဲနွားများအတွက် စားကျက်မြေ၊ ကျွဲနွားများ သွားလာ ရန်လမ်း (ပယ်လမ်း) များ သတ်မှတ် ထားကြသည့် အစဉ်အလာရှိခဲ့သည်။ စားကျက်များသည် ကျွဲနွားများ ကျန်းမာ ရေးအတွက်လည်းကောင်း၊ အစာရေစာ အတွက် လည်းကောင်း လွှတ်ကျောင်းရန်၊ အညောင်းအညာ ပြေရန် အစာရေစာအတွက် သီးသန့်ထားပေးသောမြေများဖြစ်ပါသည်။ ကျွဲနွားသွားလမ်း (ပယ်လမ်း) များသည် တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံရေး၊ ကုန်ပစ္စည်းများ သယ်ယူရန်အတွက် ကျွဲနွား၊ လှည်းများဖြင့် သွားလာ နိုင်ရန်နေရာ လမ်းကြောင်း သတ်မှတ်ကြပါသည်။ ထိန်းသိမ်းကြပါသည်။ ကျေးရွာများတွင် အစဉ်အလာဖြင့် အစိုးရက ဥပဒေနှင့်အညီ တရားဝင်စားကျက် မှတ်တိုင်များ စိုက်ထားသော သီးသန့်မြေများ၊ စားကျက် သတ်မှတ် ပေးထားသော မြေများ ရှိသကဲ့သို့ ပုဂ္ဂလိက စားကျက်များလည်း ရှိကြပါသည်။ စားကျက်မရှိလျှင် ကျွဲနွားများသည် စိုက်ပျိုးထားသော လယ်ယာဥယျာဉ် မြေများ အတွင်းဝင်၍ အစာရေစာရှာကြမည်။ စိုက်ခင်းများ၊ ဥယျာဉ်ခြံမြေများ ဝင်ရောက် ကျူးကျော်ဖျက်ဆီးနိုင်သည်။ အလားတူ တစ်ရွာကကျွဲနွားများသည် တခြားတစ်ရွာရှိ လယ်ယာဥယျာဉ်ခြံမြေ စိုက်ခင်းများကို ဝင်ရောက် ကျူးကျော်လျှင် တစ်ရွာနှင့်တစ်ရွာ ခိုက်ရန်ဖြစ်ကြသည်။ ရပ်ရွာအေးချမ်း သာယာရေး တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်၍ တစ်ရွာနှင့်တစ်ရွာ စည်းလုံး ညီညွတ်မှု ပျက်ပြားလာနိုင်သည်။
စားကျက်မြေများ တည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ အထက်မြန်မာနိုင်ငံအတွက် ကော်လိတ္တော်အရာရှိက လည်းကောင်း၊ အောက်မြန်မာနိုင်ငံအတွက် ခရိုင်ဝန်က လည်းကောင်း (ယခုအခါ တစ်နိုင်ငံလုံး အတွက် ခရိုင်အုပ်ချုပ်ရေးမှူး)က အမှုတွဲဖွင့်၍ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေအရ ဆောင်ရွက်ရန်ဖြစ်ပါသည်။
၁။ ကော်လိတ်တော် အရာရှိ (ခရိုင်ဝန်) သည် ကျေးရွာအတွင်း နေထိုင်သူများ၏ အကျိုးအတွက် မည်သည့်ကျေးရွာ တွင်မဆို လိုအပ်လျှင် စားကျက်မြေတည် ထောင်ပေးရန်ဖြစ်ပါသည်။ စားကျက်မြေအတွက် လိုအပ်သည့် မြေဧရိယာ အကျယ်အဝန်းနှင့် နေရာကို ခန့်မှန်းတွက်ချက်တိုင်းတာ၍ စီမံချက်ရေးဆွဲရမည် ဖြစ်ပြီး ၎င်းစီမံချက်တွင် ကျေးရွာတစ်ရွာနှင့် တစ်ရွာ သွားလမ်းလာလမ်းနှင့် စားကျက်သို့ ကျွဲနွားများ ဝင်ထွက် သွားလာနိုင်ရန် (ပတ်လမ်း) များပါ ထည့်သွင်း တွက်ချက်ထားရပါမည်။
၂။ ထို့နောက် ကော်လိတ်တော် အရာရှိ (ခရိုင်ဝန်) သည် စားကျက်မြေစီမံချက်ကို ပူးတွဲ၍ စားကျက်မြေတည်ထောင်မည့် နီးစပ်ရာကျေးရွာအကြီးအကဲများနှင့် စားကျက်မြေ သတ်မှတ်နေရာတွင် အခွန်စည်းကြပ်ခြင်းခံရသော ပုဂ္ဂိုလ် သို့မဟုတ် လုပ်ကိုင်နေသော ပုဂ္ဂိုလ်များ ရှိပါက စားကျက်မြေ သတ်မှတ်မည့် နေရာမြေပုံနှင့်တကွ ကန့်ကွက်ခြင်းရှိ/မရှိ နို့တစ်စာကို ၁၅ ရက်ကြိုတင်ပေးပို့၍ အကျိုး အကြောင်းဖော်ပြ၍ ကန့်ကွက်နိုင်ကြောင်း အသိပေး အကြောင်းကြားရပါမည်။
၃။ ထို့နောက် ခိုင်လုံသော ကန့်ကွက်ချက် ရှိပါက ၎င်းဧရိယာအတွက် ချန်လှပ်၍ လည်းကောင်း၊ ကန့်ကွက်ချက်မရှိပါက စားကျက်မြေစီမံချက်အတိုင်း၊ စားကျက်တိုင်များ အပြီးသတ်မှတ် ပေးကြောင်း ကြေညာချက် ထုတ်ပြန် ပါမည်။ ၎င်းစားကျက်မြေကို မည်သည့် ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာ များက အသုံးပြုရန် ဖြစ်ကြောင်း၊ စားကျက်မြေ မှတ်တမ်းစာအုပ်တွင် ရေးသွင်းထားရပါမည်။
၄။ စားကျက်မြေ တည်ထောင်ပြီးနောက် ကော်လိတ်တော် အရာရှိ (ခရိုင်ဝန်) ၏ ခွင့်ပြုချက်မရဘဲ စားကျက်မြေ အတွင်းသို့ ဝင်ရောက်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရိတ်သိမ်းခြင်း၊ သယ်ယူခြင်း၊ ကျူးကျော်ဝင်ရောက် ခြင်း မပြုရပါ။ အကယ်၍ လိုက်နာရန် ပျက်ကွက်ပါက အထက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေ (၇၈) အရ ဒဏ်ငွေကျပ် ၅ဝ ကိုလည်းကောင်း ဒဏ်ငွေ ဆောင်ရန်ပျက်ကွက်ပါက (၁၅) ရက်ထက် မပိုသော ထောင်ဒဏ် ကျခံ ရမည်ဖြစ်ပါသည်။ အောက်မြန်မာနိုင်ငံ တွင် သတ်မှတ်ထားပြီးသော နယ်နိမိတ် အတွင်း ဝင်ရောက် ကျူးကျော်နေ ထိုင်ခြင်း၊ သစ်ပင်များခုတ်လှဲခြင်း၊ သယ်ယူခြင်း၊ မြက်ရိတ်ခြင်း မပြုရန် ၁၈၇၆ ခုနှစ် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၆၉ အရ တားမြစ်ထားသည်။ လိုက်နာရန် ပျက်ကွက်ပါက တရားရုံးတွင် တရားစွဲ ဆိုနိုင်သည်။ ပြစ်မှုထင်ရှားပါက ထောင်တစ်လ၊ ဒဏ်ငွေ နှစ်ရာကျပ်အထိ တပ်ရိုက်နိုင်သည်။ စားကျက်မြေအတွင်း ကျူးကျော်စိုက်ပျိုးလျှင် မြေအတွက် မြေခွန်နှစ်ဆ စည်းကြပ်ခံရမည့်အပြင် တရားစွဲနိုင်သည်။ ကော်လိတ်တော် အရာရှိ (ခရိုင်ဝန်) သည် စားကျက်မြေ သတ်မှတ်ရေးအတွက် ပဏာမစုံစမ်းခြင်း ကြေငြာချက် ထုတ်ပြန်ခြင်း၊ ကန့်ကွက် ချက်များ ကြားနာခြင်းများကို ပြုလုပ်ရန်အတွက် လက်ထောက် ကော်လိတ်တော် အရာရှိ (နယ်ပိုင်) (မြို့နယ် အုပ်ချုပ်ရေးမှူး) များအား ညွှန်ကြားနိုင်သည်။
အများပြည်သူတို့ အကျိုးစီးပွား အတွက်သော်လည်းကောင်း၊ နိုင်ငံတော်က လိုအပ်လျှင်သော် လည်းကောင်း၊ နီးစပ်ရာကျေးရွာများမှ စားကျက်မြေအဖြစ် အသုံးပြုမှု နည်းပါးလျှင်သော်လည်းကောင်း၊ စားကျက်မြေ နုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းပြုရန် ခိုင်လုံပါက ကော်လိတ်တော်အရာရှိ (ခရိုင်ဝန်) သည် အမှုတွဲဖွင့်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ တိုင်းမင်းကြီး (ပြည်နယ် တိုင်း အုပ်ချုပ်ရေးမှူး)၏ ခွင့်ပြုချက်ဖြင့် စားကျက်မြေ အဖြစ်မှ နှုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်း ပြုနိုင်ပါသည်။
၁။ ယေဘုယျအားဖြင့် မည်သည့် အခြေအနေတွင် ရှိစေကာမူ ကျွဲနွား စားကျက်မြေမှန်က မည်သည့် ကျူးကျော်ဝင်ရောက် စိုက်ပျိုးလုပ်ကိုင် နေထိုင်မှုကိုမျှ ခွင့်မပြုနိုင်ကြောင်း ဗဟို မြေယာကော်မတီက ၁၉၆၄ ခုနှစ်၊ မတ်လ ၁၁ ရက်စွဲပါစာအမှတ် ၅ ဟပ (၉) ထ - ၆၄ (၂၀၄) အရ ညွှန်ကြား ထားပါသည်။
ပြည်သူ့ကောင်စီကာလတွင် ၁၉၇၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ မတိုင်မီ စားကျက်မြေ များတွင် ကျူးကျော်၍ လယ်ယာ စိုက်ပျိုးမှု လုပ်ကိုင်နေလျှင်သော် လည်းကောင်း၊ လယ်ယာစိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုနေလျှင် သော် လည်းကောင်း၊ စားကျက်မြေအဖြစ်မှ နုတ်သိမ်းရန်၊ ပယ်ဖျက်ရန် လိုအပ်ပါက မြို့နယ် ပြည်သူ့ကောင်စီ အလုပ် အမှုဆောင်အဖွဲ့သည် အမှုတွဲဖွင့်လှစ်ကာ အောက်ပါအချက်များ စုံစမ်းစစ်ဆေး၍ သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ သဘောထားများရယူ၍ ပြည်နယ် သို့မဟုတ် တိုင်းပြည်သူ့ ကောင်စီ အလုပ်အမှု ဆောင်အဖွဲ့ သို့ တင်ပြ ဆောင်ရွက်ရန်၊ ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေ ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၁၃/၇၇) ပုဒ်မ ၆၆ (က) အရ အပ်နှင်းထားကြောင်း တွေ့ရပါသည်။
(က) ကျူးကျော်လုပ်ကိုင် အသုံးပြုနေသူ တစ်ဦးသည် စားကျက်မြေ ဧရိယာ မည်မျှအပေါ်တွင် မည်ကဲ့သို့ ကျူးကျော် လုပ်ကိုင် အသုံးပြုနေသည်
(ခ) မည်သည့် အချိန်ကစ၍ အသုံးပြု ခဲ့သည်။
(ဂ) ကျူးကျော်မှုသည် ၎င်း၏ အဓိက အသက်မွေးဝမ်းကျောင်းပြုမှုအတွက် ဟုတ်၊ မဟုတ်၊ အခြားတွင် လုပ်ကိုင် အသုံးပြုရန် မြေ ရှိ၊ မရှိ၊ ရှိပါက မည်ကဲ့သို့ အသုံးပြုသည်။
(ဃ) ကျူးကျော်သူတွင် မှီခိုသူ မည်မျှ ရှိသည်။
(င) မည်သည့် အတွက်ကြောင့် စားကျက်မြေတွင် ကျူးကျော်လုပ် ကိုင်အသုံးပြုသည်။
(စ) ထိုကျူးကျော်သည့် မြေကို စားကျက်မြေမှ ဖျက်သိမ်းခြင်း၊ ပယ်ဖျက် ခြင်းပြုပါက ပတ်ဝန်းကျင်ရှိ ကျေးရွာ များအတွက် ကျွဲနွားများ
ထိန်းကျောင်းရန် မြေနေရာ လုံလောက်စွာ ကျန် ရှိ၊ မရှိ။
(ဆ)ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ စားကျက်မြေများ ဖျက်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းပြုရန် လိုအပ်ပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေ ၃/၂၀၀၁၊ အခန်း (၇)အပိုဒ် (၃၉) အရလည်းကောင်း၊ မန္တလေး စည်ပင် သာယာရေးနယ်နိမိတ်တွင် သက်ဆိုင်ရာ ကော်မတီက လည်းကောင်း အစိုးရဌာန အဖွဲ့အစည်းနှင့်ညှိနှိုင်းပြီး လွှဲပြောင်း ရယူနိုင်သည်။
ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် အများပြည်သူ အကျိုးစီးပွားအလို့ငှာ စားကျက်မြေ ပယ်ဖျက်လိုပါက ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဘောထားမှတ်ချက် ဦးစွာယူရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်၏ (၂၅-၁-၂၀၁၅) ရက်စွဲပါစာဖြင့် လည်းကောင်း၊ စားကျက်မြေအဖြစ်မှ နှုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့် စပ်လျဉ်း၍ အထက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေ ၇၇ အရလည်းကောင်း၊ အောက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေ ၆၈ အရ လည်းကောင်း စားကျက်မြေ
ပယ်ဖျက်ခြင်း၊ ကိစ္စရပ်များကို သက်ဆိုင်ရာရုံးများသို့ လျှောက်ထားပြီး အောက်ခြေရုံးအဆင့်ဆင့်မှ လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်၍ အမှုတွဲ တင်ပြရန်နှင့် စားကျက်မြေ ပယ်ဖျက်ခွင့်ပြုကြောင်း အကြောင်း ကြားစာ ရရှိလာမှသာ စားကျက်မြေ ပယ်ဖျက်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်သွားရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှ ၁၆-၃-၂၀၁၇ ရက်စွဲပါစာဖြင့် ညွှန်ကြား ခဲ့ခြင်းများအရ ဆောင်ရွက်နေကြ ပါသည်။ စားကျက်မြေများ ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား-၃ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းတွင် ပြဌာန်းထား ပါသည်။
သို့ဖြစ်ပါ၍ စားကျက်မြေများ သတ်မှတ်ခြင်း၊ စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းများကို ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ခရိုင် မြို့နယ် အုပ်ချုပ်ရေးအရာရှိများ၊ မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်း စာရေးများက နှစ်စဉ်စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းများကို ပြုလုပ်ကြရ ပါသည်။ စားကျက်မြေများ တည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အထက်ပိုင်း အတွက် အထက်မြန်မာနိုင်ငံ၊ မြေနှင့်အခွန် နည်းဥပဒေ ပုဒ်မ ၇၅ မှ ၇၉ အထိ လည်းကောင်း၊ အောက်မြန်မာ နိုင်ငံအတွက် မြေနှင့်အခွန် နည်းဥပဒေ ပုဒ်မ ၆၆ မှ ၇၁ အထိလည်းကောင်း ပြဋ္ဌာန်းချက်များ၊ အမိန့်ဆင့်ဆိုချက်များ ရှိပါသည်။ ထို့အပြင် စားကျက်မြေ များနှင့် အများပြည်သူပိုင် မြေများ စစ်ဆေးကြပ်မတ်ရန်နှင့် စည်းကမ်း ဖောက်ဖျက်မှုများအတွက် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ (Land Records Manual) အပိုဒ် ၉၁၆ မှ ၉၂၈ အထိလည်းကောင်း၊ ကျူးကျော်မှုများ အရေးယူရန်ကို ၎င်းဥပဒေအပိုဒ် ၉၂၂ တွင်လည်းကောင်း ပြဌာန်းထားပြီး ဖြစ်ရာ အခြေခံ အကျဆုံး ရပ်ကျေး မြေတိုင်းစာရေး၊ ထွေအုပ်စာရေးနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများတွင် များစွာ တာဝန်ရှိနေပါသည်။ လက်ရှိ အချိန်တွင် မြေပြင်၌ စားကျက်မြေများ မရှိသလောက် ဖြစ်နေခြင်းသည် ယခင်က ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ခေတ်အဆက်ဆက် ဝန်ထမ်းများ အားနည်းချက်ကြောင့် လည်းကောင်း၊ တာဝန်ပျက်ကွက် ခဲ့မှုများကြောင့် လည်းကောင်း၊ အနိုင်ကျင့် ခံရမှုများကြောင့် လည်းကောင်း ဖြစ်ပါသည်။ ကျန်ရှိသော စားကျက်မြေနှင့် ကျေးရွာလိုအပ်ချက် ရှိပါက စားကျက်မြေ ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန် တင်ပြလိုက်ရ ပါသည်။
ဆရာဦးမောင်မောင်ညွန့်၏ စားကျက်မြေအကြောင်း ရေးသားမှုအား ပူးတွဲ တင်ပြလိုက်ပါသည်။
Crd: Copy from Tun Aung Kyaw Fb Wall
------------------------------
(Zawgyi)
"စားက်က္ေျမကို က်ဴးေက်ာ္ လုပ္ကိုင္ ေနထိုင္လွ်င္ မည္သူမဆို တစ္လထက္ မပိုေသာ ေထာင္ဒဏ္ကို ျဖစ္ေစ၊ က်ပ္ႏွစ္ရာထက္ မပိုေသာ ေငြဒဏ္ကို ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္ လုံးကိုျဖစ္ေစ စီရင္ျခင္း ခံရမည္။ မည္သူမဆို စားက်က္ေျမ၏ မည္သည့္ အစိတ္အပိုင္းကို မဆို ရယူေနထိုင္ အသုံးျပဳလွ်င္ နည္းဥပေဒ ၇၆-က ႏွင့္အညီ ေျမခြန္ ထိုက္သင့္ေစရမည္။ ထိုသူအား နည္းဥပေဒ ၅၂ တြင္ ေဖၚျပသည့္ နည္းလမ္းႏွင့္အညီ မည္သည့္ အခ်ိန္တြင္မဆို ႏွင္ထုတ္ ဖယ္ရွားျခင္း ျပဳလုပ္ႏိုင္သည္" (ေအာက္ျမန္မာႏိုင္ငံအတြက္)
စားက်က္ေျမကို နည္းဥပေဒ ၆၈ အရ အၿပီးသတ္ နယ္နိမိတ္ သတ္မွတ္ ပိုင္းျခားျခင္း ျပဳလုပ္ၿပီးသည့္အခါ၊ ေက်း႐ြာတို႔အတြက္ ခြဲေဝခ်ထား ေပးသည့္ စားက်က္ေျမတြင္ ေက်း႐ြာေန စိုက္ပ်ိဳး လုပ္ကိုင္သူ မဟုတ္ပဲ မည္သူကမဆို ကြၽဲႏြား လႊတ္ေက်ာင္း လွ်င္၊ သို႔မဟုတ္ အဆိုပါစားက်က္တြင္ မည္သည့္ အပိုင္းတြင္မဆို ဝင္ေရာက္ ေနထိုင္လွ်င္၊ သို႔မဟုတ္ ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး၏ အထူးခြင့္ျပဳမိန႔္ မရရွိဘဲ စားက်က္တြင္ရွိေသာ သစ္ပင္မ်ားကို ျဖတ္ေတာက္ျခင္း၊ ခုတ္လွဲျခင္း သို႔မဟုတ္ ေ႐ႊ႕ေျပာင္း သယ္ယူျခင္း ျပဳလုပ္လွ်င္၊ သို႔မဟုတ္ ယင္းတြင္ရွိေသာ ျမက္မ်ားကို ရိတ္ယူ သယ္ေဆာင္လွ်င္၊ ရာဇဝတ္တရားသူႀကီး ေရွ႕ေမွာက္၌ ျပစ္မႈထင္ရွား စီရင္ျခင္း ခံရမည္ ျဖစ္သည္။ မည္သူမဆို စားက်က္ေျမ၏ မည္သည့္ အစိတ္အပိုင္း ကိုမဆို ရယူေနထိုင္ အသုံးျပဳလွ်င္ နည္းဥပေဒ ၇၆-က ႏွင့္အညီ ေျမခြန္ ထိုက္သင့္ေစရမည္။ ထိုသူအား နည္းဥပေဒ ၅၂ တြင္ ေဖၚျပသည့္ နည္းလမ္းႏွင့္အညီ မည္သည့္ အခ်ိန္တြင္မဆို ႏွင္ထုတ္ ဖယ္ရွားျခင္း ျပဳလုပ္ႏိုင္သည္ဟု ျပဌာန္း ထားပါသည္။
နည္းဥပေဒ ျပဌာန္းခ်က္သည္ စားက်က္ေျမကို မည္သူတို႔ကသာ စားက်က္အျဖစ္ အသုံးျပဳခြင့္ ရသည္ကိုျပဌာန္း ထားပါသည္။ စားက်က္အျဖစ္ အသုံးျပဳရမည့္ ေက်း႐ြာမ်ား၏ အမည္ႏွင့္တကြ ခြဲေဝခ်ထားေပးပါသည္၊ သို႔ရာတြင္ အမည္စာရင္းပါ ေက်း႐ြာမ်ားရွိ မည္သူမဆို အသုံးျပဳခြင့္ ေပးသည္ မဟုတ္ပါ။ အမည္စာရင္းပါ ေက်း႐ြာေန စိုက္ပ်ိဳးလုပ္ကိုင္သူ၊ တနည္းအားျဖင့္ ကြၽဲႏြားကို အသုံးျပဳေနရသည့္ ေတာင္သူလယ္သမားတို႔၏ ကြၽဲႏြားမ်ား အတြက္ စားက်က္အျဖစ္ အသုံးျပဳ ရန္သာ ခြဲေဝခ်ထားေပးျခင္း ျဖစ္ပါသည္။ လုပ္ငန္းခြင္ သုံးအတြက္ မဟုတ္ဘဲ ကြၽဲႏြားေမြးျမဴသူမ်ား ကဲ့သို႔ေသာ ေတာင္သူ လယ္သမား မဟုတ္သူမ်ား (ဥပမာအားျဖင့္ ႏို႔စားႏြားေမြးျမဴသူ၊ အသားစားႏြားေမြးျမဴသူ) အေနျဖင့္ အဆိုပါ စားက်က္ကို အသုံးျပဳခြင့္ မရွိပါ။ လိုအပ္ပါက ၎တို႔က ပုဂၢလိကဆိုင္ရာ စားက်က္အျဖစ္ ေလွ်ာက္ထား ရယူေဆာင္႐ြက္ ရပါမည္။ ထို႔ျပင္ အဆိုပါ စားက်က္မွ ကြၽဲႏြားစာျဖစ္သည့္ ျမက္တို႔ကို ရိတ္ျဖတ္ယူ၍ ေနအိမ္ရွိ တင္းကုတ္တြင္ ေကြၽးေမြးျခင္းလည္း ျပဳခြင့္မရွိပါ။ ယင္းသို႔ ရိတ္ျဖတ္ရန္ ေက်း႐ြာဘုံေျမ ဟူသည္ကို သီးျခား သတ္မွတ္ ေပးထားပါသည္။ ထိုစားက်က္မွ သစ္ပင္မ်ားသည္ ကြၽဲႏြားမ်ား စားက်က္အတြင္ အရိတ္ခို နားေနရန္ျဖစ္သည့္ အေလွ်ာက္ သစ္ပင္မ်ားကိုလည္း ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး၏ အထူးသီးျခား ထုတ္ေပးသည့္ အမိန႔္မရရွိဘဲ ခုတ္လွဲ သယ္ေဆာင္ခြင့္မရွိပါ။ စားက်က္ေျမတြင္ မည္သူမွ်လည္း ေနအိမ္ေဆာက္လုပ္ခြင့္ မျပဳပါ။ ေဖါက္ဖ်က္ပါက အေရးယူျခင္း ခံရပါမည္။ ထိုသို႔ အေရးယူရာတြင္ ဤနည္းဥပေဒကို ေဖာက္ဖ်က္မႈျဖင့္ တရားစြဲဆို ရပါမည္။ ဤသည္တြင္ ျပစ္မႈတင္ရွားပါက တစ္လထက္မပိုေသာ ေထာင္ဒဏ္ကိုျဖစ္ေစ၊ က်ပ္ႏွစ္ရာထက္ မပိုေသာ ေငြဒဏ္ကိုျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္ လုံးကိုျဖစ္ေစ စီရင္ျခင္းခံရမည္ျဖစ္ ပါသည္။
ထိုသို႔ အေရးယူ ေဆာင္႐ြက္႐ုံမွ်ႏွင့္ မၿပီးေသးပါ၊ ဆက္လက္ က်ဴးေက်ာ္ လုပ္ကိုင္ေဆာင္႐ြက္ ေနထိုင္ပါက နည္းဥပေဒ ၇၆-က ႏွင့္ ၅၂ တို႔အရ ဆက္လက္ ေဆာင္႐ြက္ရပါမည္။ နည္းဥပေဒ ၇၆-က တြင္ ဤကဲ့သို႔ က်ဴးလြန္ပါက ပတ္ဝန္းက်င္ရွိ ေျမမ်ား အေပၚ အသုံးျပဳသည့္ ကာလမ်ား အတြက္ ေျမခြန္ ၂ ဆစီ စည္းၾကပ္ ေကာက္ခံရန္ ျပဌာန္းထားပါသည္။ ထို႔ျပင္ နည္းဥပေဒ ၅၂ တြင္ ထိုသူအား ႏွင္ထုတ္သည့္ အေၾကာင္းၾကား ႏို႔တစ္စာကို ေပးအပ္ေသာ္လည္း လိုက္နာရန္ပ်က္ကြက္ပါက ထပ္မံတရားစြဲဆို အျပစ္ေပးရန္ သတ္မွတ္ ျပဌာန္းထားပါသည္။ တရားစြဲဆို အေရးယူမႈ ႏွစ္မ်ိဳး ျပဳလုပ္ႏိုင္သည္ကို ေတြ႕ရပါသည္။ တစ္မ်ိဳးမွာ က်ဴးေက်ာ္ေနထိုင္ျခင္း ျပစ္မႈျဖစ္ၿပီး၊ ဒုတိယျပစ္မႈမ်ား ႏွင္ထုတ္သည့္ ႏို႔တစ္စာကို မလိုက္နာသည့္ျပစ္မႈ ျဖစ္ပါသည္။
ျမန္မာႏိုင္ငံသည္ လယ္ယာ စိုက္ပ်ိဳးေရးကို အေျခခံေသာ ႏိုင္ငံျဖစ္ပါသည္။ မိ႐ိုးဖလာ စီးပြားေရး လုပ္ငန္းလည္းျဖစ္ပါသည္။ စက္မႈလယ္ယာစနစ္သို႔ ကူးေျပာင္း ေရာက္ရွိျခင္း မရွိေသးေသာ ႏိုင္ငံမ်ားတြင္ ကြၽဲႏြားမ်ားသည္ လယ္ယာ ကုန္ထုတ္လုပ္ငန္းအတြက္ အေရးႀကီးေသာ ကုန္ထုတ္ကိရိယာမ်ား ျဖစ္သည္။ ေက်း႐ြာ မ်ားတြင္ သြားေရး၊ လာေရး၊ ကုန္ပစၥည္း သယ္ယူ ပို႔ေဆာင္ေရးအတြက္ လွည္းႏွင့္
ကြၽဲႏြားမ်ားသည္ မရွိမျဖစ္လိုအပ္ေသာ မိတ္ဖက္မ်ား ျဖစ္ၾကပါသည္။ ထို႔ေၾကာင့္ ေရွးယခင္ကပင္ ေက်းလက္မ်ားတြင္ ႐ြာဘုံေျမ၊ ကြၽဲႏြားမ်ားအတြက္ စားက်က္ေျမ၊ ကြၽဲႏြားမ်ား သြားလာ ရန္လမ္း (ပယ္လမ္း) မ်ား သတ္မွတ္ ထားၾကသည့္ အစဥ္အလာရွိခဲ့သည္။ စားက်က္မ်ားသည္ ကြၽဲႏြားမ်ား က်န္းမာ ေရးအတြက္လည္းေကာင္း၊ အစာေရစာ အတြက္ လည္းေကာင္း လႊတ္ေက်ာင္းရန္၊ အေညာင္းအညာ ေျပရန္ အစာေရစာအတြက္ သီးသန႔္ထားေပးေသာေျမမ်ားျဖစ္ပါသည္။ ကြၽဲႏြားသြားလမ္း (ပယ္လမ္း) မ်ားသည္ တစ္႐ြာႏွင့္တစ္႐ြာ ကူးလူးဆက္ဆံေရး၊ ကုန္ပစၥည္းမ်ား သယ္ယူရန္အတြက္ ကြၽဲႏြား၊ လွည္းမ်ားျဖင့္ သြားလာ ႏိုင္ရန္ေနရာ လမ္းေၾကာင္း သတ္မွတ္ၾကပါသည္။ ထိန္းသိမ္းၾကပါသည္။ ေက်း႐ြာမ်ားတြင္ အစဥ္အလာျဖင့္ အစိုးရက ဥပေဒႏွင့္အညီ တရားဝင္စားက်က္ မွတ္တိုင္မ်ား စိုက္ထားေသာ သီးသန႔္ေျမမ်ား၊ စားက်က္ သတ္မွတ္ ေပးထားေသာ ေျမမ်ား ရွိသကဲ့သို႔ ပုဂၢလိက စားက်က္မ်ားလည္း ရွိၾကပါသည္။ စားက်က္မရွိလွ်င္ ကြၽဲႏြားမ်ားသည္ စိုက္ပ်ိဳးထားေသာ လယ္ယာဥယ်ာဥ္ ေျမမ်ား အတြင္းဝင္၍ အစာေရစာရွာၾကမည္။ စိုက္ခင္းမ်ား၊ ဥယ်ာဥ္ၿခံေျမမ်ား ဝင္ေရာက္ က်ဴးေက်ာ္ဖ်က္ဆီးႏိုင္သည္။ အလားတူ တစ္႐ြာကကြၽဲႏြားမ်ားသည္ တျခားတစ္႐ြာရွိ လယ္ယာဥယ်ာဥ္ၿခံေျမ စိုက္ခင္းမ်ားကို ဝင္ေရာက္ က်ဴးေက်ာ္လွ်င္ တစ္႐ြာႏွင့္တစ္႐ြာ ခိုက္ရန္ျဖစ္ၾကသည္။ ရပ္႐ြာေအးခ်မ္း သာယာေရး တရားဥပေဒစိုးမိုးေရးကိုပါ ထိခိုက္၍ တစ္႐ြာႏွင့္တစ္႐ြာ စည္းလုံး ညီၫြတ္မႈ ပ်က္ျပားလာႏိုင္သည္။
စားက်က္ေျမမ်ား တည္ေထာင္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္စပ္လ်ဥ္း၍ အထက္ျမန္မာႏိုင္ငံအတြက္ ေကာ္လိေတၱာ္အရာရွိက လည္းေကာင္း၊ ေအာက္ျမန္မာႏိုင္ငံအတြက္ ခ႐ိုင္ဝန္က လည္းေကာင္း (ယခုအခါ တစ္ႏိုင္ငံလုံး အတြက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး)က အမႈတြဲဖြင့္၍ လုပ္ထုံးလုပ္နည္းအတိုင္း ဥပေဒအရ ေဆာင္႐ြက္ရန္ျဖစ္ပါသည္။
၁။ ေကာ္လိတ္ေတာ္ အရာရွိ (ခ႐ိုင္ဝန္) သည္ ေက်း႐ြာအတြင္း ေနထိုင္သူမ်ား၏ အက်ိဳးအတြက္ မည္သည့္ေက်း႐ြာ တြင္မဆို လိုအပ္လွ်င္ စားက်က္ေျမတည္ ေထာင္ေပးရန္ျဖစ္ပါသည္။ စားက်က္ေျမအတြက္ လိုအပ္သည့္ ေျမဧရိယာ အက်ယ္အဝန္းႏွင့္ ေနရာကို ခန႔္မွန္းတြက္ခ်က္တိုင္းတာ၍ စီမံခ်က္ေရးဆြဲရမည္ ျဖစ္ၿပီး ၎စီမံခ်က္တြင္ ေက်း႐ြာတစ္႐ြာႏွင့္ တစ္႐ြာ သြားလမ္းလာလမ္းႏွင့္ စားက်က္သို႔ ကြၽဲႏြားမ်ား ဝင္ထြက္ သြားလာႏိုင္ရန္ (ပတ္လမ္း) မ်ားပါ ထည့္သြင္း တြက္ခ်က္ထားရပါမည္။
၂။ ထို႔ေနာက္ ေကာ္လိတ္ေတာ္ အရာရွိ (ခ႐ိုင္ဝန္) သည္ စားက်က္ေျမစီမံခ်က္ကို ပူးတြဲ၍ စားက်က္ေျမတည္ေထာင္မည့္ နီးစပ္ရာေက်း႐ြာအႀကီးအကဲမ်ားႏွင့္ စားက်က္ေျမ သတ္မွတ္ေနရာတြင္ အခြန္စည္းၾကပ္ျခင္းခံရေသာ ပုဂၢိဳလ္ သို႔မဟုတ္ လုပ္ကိုင္ေနေသာ ပုဂၢိဳလ္မ်ား ရွိပါက စားက်က္ေျမ သတ္မွတ္မည့္ ေနရာေျမပုံႏွင့္တကြ ကန႔္ကြက္ျခင္းရွိ/မရွိ ႏို႔တစ္စာကို ၁၅ ရက္ႀကိဳတင္ေပးပို႔၍ အက်ိဳး အေၾကာင္းေဖာ္ျပ၍ ကန႔္ကြက္ႏိုင္ေၾကာင္း အသိေပး အေၾကာင္းၾကားရပါမည္။
၃။ ထို႔ေနာက္ ခိုင္လုံေသာ ကန႔္ကြက္ခ်က္ ရွိပါက ၎ဧရိယာအတြက္ ခ်န္လွပ္၍ လည္းေကာင္း၊ ကန႔္ကြက္ခ်က္မရွိပါက စားက်က္ေျမစီမံခ်က္အတိုင္း၊ စားက်က္တိုင္မ်ား အၿပီးသတ္မွတ္ ေပးေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ပါမည္။ ၎စားက်က္ေျမကို မည္သည့္ ေက်း႐ြာအုပ္စု သို႔မဟုတ္ ေက်း႐ြာ မ်ားက အသုံးျပဳရန္ ျဖစ္ေၾကာင္း၊ စားက်က္ေျမ မွတ္တမ္းစာအုပ္တြင္ ေရးသြင္းထားရပါမည္။
၄။ စားက်က္ေျမ တည္ေထာင္ၿပီးေနာက္ ေကာ္လိတ္ေတာ္ အရာရွိ (ခ႐ိုင္ဝန္) ၏ ခြင့္ျပဳခ်က္မရဘဲ စားက်က္ေျမ အတြင္းသို႔ ဝင္ေရာက္ျခင္း၊ သစ္ပင္မ်ား ခုတ္လွဲျခင္း၊ ေပါင္းျမက္မ်ား ရွင္းလင္းျခင္း၊ ရိတ္သိမ္းျခင္း၊ သယ္ယူျခင္း၊ က်ဴးေက်ာ္ဝင္ေရာက္ ျခင္း မျပဳရပါ။ အကယ္၍ လိုက္နာရန္ ပ်က္ကြက္ပါက အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ နည္းဥပေဒ (၇၈) အရ ဒဏ္ေငြက်ပ္ ၅ဝ ကိုလည္းေကာင္း ဒဏ္ေငြ ေဆာင္ရန္ပ်က္ကြက္ပါက (၁၅) ရက္ထက္ မပိုေသာ ေထာင္ဒဏ္ က်ခံ ရမည္ျဖစ္ပါသည္။ ေအာက္ျမန္မာႏိုင္ငံ တြင္ သတ္မွတ္ထားၿပီးေသာ နယ္နိမိတ္ အတြင္း ဝင္ေရာက္ က်ဴးေက်ာ္ေန ထိုင္ျခင္း၊ သစ္ပင္မ်ားခုတ္လွဲျခင္း၊ သယ္ယူျခင္း၊ ျမက္ရိတ္ျခင္း မျပဳရန္ ၁၈၇၆ ခုႏွစ္ ေအာက္ျမန္မာႏိုင္ငံ ေျမႏွင့္အခြန္နည္းဥပေဒ ၆၉ အရ တားျမစ္ထားသည္။ လိုက္နာရန္ ပ်က္ကြက္ပါက တရား႐ုံးတြင္ တရားစြဲ ဆိုႏိုင္သည္။ ျပစ္မႈထင္ရွားပါက ေထာင္တစ္လ၊ ဒဏ္ေငြ ႏွစ္ရာက်ပ္အထိ တပ္႐ိုက္ႏိုင္သည္။ စားက်က္ေျမအတြင္း က်ဴးေက်ာ္စိုက္ပ်ိဳးလွ်င္ ေျမအတြက္ ေျမခြန္ႏွစ္ဆ စည္းၾကပ္ခံရမည့္အျပင္ တရားစြဲႏိုင္သည္။ ေကာ္လိတ္ေတာ္ အရာရွိ (ခ႐ိုင္ဝန္) သည္ စားက်က္ေျမ သတ္မွတ္ေရးအတြက္ ပဏာမစုံစမ္းျခင္း ေၾကျငာခ်က္ ထုတ္ျပန္ျခင္း၊ ကန႔္ကြက္ ခ်က္မ်ား ၾကားနာျခင္းမ်ားကို ျပဳလုပ္ရန္အတြက္ လက္ေထာက္ ေကာ္လိတ္ေတာ္ အရာရွိ (နယ္ပိုင္) (ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး) မ်ားအား ၫႊန္ၾကားႏိုင္သည္။
အမ်ားျပည္သူတို႔ အက်ိဳးစီးပြား အတြက္ေသာ္လည္းေကာင္း၊ ႏိုင္ငံေတာ္က လိုအပ္လွ်င္ေသာ္ လည္းေကာင္း၊ နီးစပ္ရာေက်း႐ြာမ်ားမွ စားက်က္ေျမအျဖစ္ အသုံးျပဳမႈ နည္းပါးလွ်င္ေသာ္လည္းေကာင္း၊ စားက်က္ေျမ ႏုတ္ပယ္ျခင္း၊ ပယ္ဖ်က္ျခင္းျပဳရန္ ခိုင္လုံပါက ေကာ္လိတ္ေတာ္အရာရွိ (ခ႐ိုင္ဝန္) သည္ အမႈတြဲဖြင့္၍ လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္၍ တိုင္းမင္းႀကီး (ျပည္နယ္ တိုင္း အုပ္ခ်ဳပ္ေရးမႉး)၏ ခြင့္ျပဳခ်က္ျဖင့္ စားက်က္ေျမ အျဖစ္မွ ႏႈတ္ပယ္ျခင္း၊ ပယ္ဖ်က္ျခင္း ျပဳႏိုင္ပါသည္။
၁။ ေယဘုယ်အားျဖင့္ မည္သည့္ အေျခအေနတြင္ ရွိေစကာမူ ကြၽဲႏြား စားက်က္ေျမမွန္က မည္သည့္ က်ဴးေက်ာ္ဝင္ေရာက္ စိုက္ပ်ိဳးလုပ္ကိုင္ ေနထိုင္မႈကိုမွ် ခြင့္မျပဳႏိုင္ေၾကာင္း ဗဟို ေျမယာေကာ္မတီက ၁၉၆၄ ခုႏွစ္၊ မတ္လ ၁၁ ရက္စြဲပါစာအမွတ္ ၅ ဟပ (၉) ထ - ၆၄ (၂၀၄) အရ ၫႊန္ၾကား ထားပါသည္။
ျပည္သူ႔ေကာင္စီကာလတြင္ ၁၉၇၃ ခုႏွစ္၊ ေမလ ၃၁ ရက္ေန႔ မတိုင္မီ စားက်က္ေျမ မ်ားတြင္ က်ဴးေက်ာ္၍ လယ္ယာ စိုက္ပ်ိဳးမႈ လုပ္ကိုင္ေနလွ်င္ေသာ္ လည္းေကာင္း၊ လယ္ယာစိုက္ပ်ိဳးမႈမွအပ အျခားနည္းအသုံးျပဳေနလွ်င္ ေသာ္ လည္းေကာင္း၊ စားက်က္ေျမအျဖစ္မွ ႏုတ္သိမ္းရန္၊ ပယ္ဖ်က္ရန္ လိုအပ္ပါက ၿမိဳ႕နယ္ ျပည္သူ႔ေကာင္စီ အလုပ္ အမႈေဆာင္အဖြဲ႕သည္ အမႈတြဲဖြင့္လွစ္ကာ ေအာက္ပါအခ်က္မ်ား စုံစမ္းစစ္ေဆး၍ သက္ဆိုင္ရာအဖြဲ႕ အစည္းမ်ား၏ သေဘာထားမ်ားရယူ၍ ျပည္နယ္ သို႔မဟုတ္ တိုင္းျပည္သူ႔ ေကာင္စီ အလုပ္အမႈ ေဆာင္အဖြဲ႕ သို႔ တင္ျပ ေဆာင္႐ြက္ရန္၊ ျပည္သူ႔ေကာင္စီ အလုပ္အမႈေဆာင္အဖြဲ႕ အဆင့္ဆင့္ တာဝန္ႏွင့္ လုပ္ပိုင္ခြင့္ဥပေဒ ျပည္သူ႔ လႊတ္ေတာ္ဥပေဒအမွတ္ (၁၃/၇၇) ပုဒ္မ ၆၆ (က) အရ အပ္ႏွင္းထားေၾကာင္း ေတြ႕ရပါသည္။
(က) က်ဴးေက်ာ္လုပ္ကိုင္ အသုံးျပဳေနသူ တစ္ဦးသည္ စားက်က္ေျမ ဧရိယာ မည္မွ်အေပၚတြင္ မည္ကဲ့သို႔ က်ဴးေက်ာ္ လုပ္ကိုင္ အသုံးျပဳေနသည္
(ခ) မည္သည့္ အခ်ိန္ကစ၍ အသုံးျပဳ ခဲ့သည္။
(ဂ) က်ဴးေက်ာ္မႈသည္ ၎၏ အဓိက အသက္ေမြးဝမ္းေက်ာင္းျပဳမႈအတြက္ ဟုတ္၊ မဟုတ္၊ အျခားတြင္ လုပ္ကိုင္ အသုံးျပဳရန္ ေျမ ရွိ၊ မရွိ၊ ရွိပါက မည္ကဲ့သို႔ အသုံးျပဳသည္။
(ဃ) က်ဴးေက်ာ္သူတြင္ မွီခိုသူ မည္မွ် ရွိသည္။
(င) မည္သည့္ အတြက္ေၾကာင့္ စားက်က္ေျမတြင္ က်ဴးေက်ာ္လုပ္ ကိုင္အသုံးျပဳသည္။
(စ) ထိုက်ဴးေက်ာ္သည့္ ေျမကို စားက်က္ေျမမွ ဖ်က္သိမ္းျခင္း၊ ပယ္ဖ်က္ ျခင္းျပဳပါက ပတ္ဝန္းက်င္ရွိ ေက်း႐ြာ မ်ားအတြက္ ကြၽဲႏြားမ်ား
ထိန္းေက်ာင္းရန္ ေျမေနရာ လုံေလာက္စြာ က်န္ ရွိ၊ မရွိ။
(ဆ)ရန္ကုန္ၿမိဳ႕ေတာ္ႏွင့္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး နယ္နိမိတ္ အတြင္းရွိ စားက်က္ေျမမ်ား ဖ်က္သိမ္းျခင္း၊ ပယ္ဖ်က္ျခင္းျပဳရန္ လိုအပ္ပါက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ခြဲေရး ဆိုင္ရာ နည္းဥပေဒ ၃/၂၀၀၁၊ အခန္း (၇)အပိုဒ္ (၃၉) အရလည္းေကာင္း၊ မႏၲေလး စည္ပင္ သာယာေရးနယ္နိမိတ္တြင္ သက္ဆိုင္ရာ ေကာ္မတီက လည္းေကာင္း အစိုးရဌာန အဖြဲ႕အစည္းႏွင့္ညႇိႏႈိင္းၿပီး လႊဲေျပာင္း ရယူႏိုင္သည္။
ယခုအခါ တိုင္းေဒသႀကီး/ ျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန အေနျဖင့္ အမ်ားျပည္သူ အက်ိဳးစီးပြားအလို႔ငွာ စားက်က္ေျမ ပယ္ဖ်က္လိုပါက ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး၏ သေဘာထားမွတ္ခ်က္ ဦးစြာယူရန္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႐ုံးခ်ဳပ္၏ (၂၅-၁-၂၀၁၅) ရက္စြဲပါစာျဖင့္ လည္းေကာင္း၊ စားက်က္ေျမအျဖစ္မွ ႏႈတ္ပယ္ျခင္း၊ ပယ္ဖ်က္ျခင္းတို႔ႏွင့္ စပ္လ်ဥ္း၍ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ နည္းဥပေဒ ၇၇ အရလည္းေကာင္း၊ ေအာက္ျမန္မာျပည္ ေျမႏွင့္အခြန္ နည္းဥပေဒ ၆၈ အရ လည္းေကာင္း စားက်က္ေျမ
ပယ္ဖ်က္ျခင္း၊ ကိစၥရပ္မ်ားကို သက္ဆိုင္ရာ႐ုံးမ်ားသို႔ ေလွ်ာက္ထားၿပီး ေအာက္ေျခ႐ုံးအဆင့္ဆင့္မွ လုပ္ထုံး လုပ္နည္းႏွင့္အညီ စိစစ္၍ အမႈတြဲ တင္ျပရန္ႏွင့္ စားက်က္ေျမ ပယ္ဖ်က္ခြင့္ျပဳေၾကာင္း အေၾကာင္း ၾကားစာ ရရွိလာမွသာ စားက်က္ေျမ ပယ္ဖ်က္ျခင္း ကိစၥရပ္မ်ားကို ေဆာင္႐ြက္သြားရန္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ႐ုံးခ်ဳပ္မွ ၁၆-၃-၂၀၁၇ ရက္စြဲပါစာျဖင့္ ၫႊန္ၾကား ခဲ့ျခင္းမ်ားအရ ေဆာင္႐ြက္ေနၾက ပါသည္။ စားက်က္ေျမမ်ား ထိန္းသိမ္းေရးႏွင့္ စပ္လ်ဥ္း၍ ၂၀၀၈ ခုႏွစ္၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒဇယား-၃ တြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕၏ ဥပေဒျပဳစာရင္းတြင္ ျပဌာန္းထား ပါသည္။
သို႔ျဖစ္ပါ၍ စားက်က္ေျမမ်ား သတ္မွတ္ျခင္း၊ စစ္ေဆးျခင္း၊ ထိန္းသိမ္းျခင္းမ်ားကို ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ခ႐ိုင္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအရာရွိမ်ား၊ ေျမစာရင္းဦးစီးမႉးႏွင့္ ေျမတိုင္း စာေရးမ်ားက ႏွစ္စဥ္စစ္ေဆးျခင္း၊ ၾကပ္မတ္ျခင္းမ်ားကို ျပဳလုပ္ၾကရ ပါသည္။ စားက်က္ေျမမ်ား တည္ေထာင္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံ အထက္ပိုင္း အတြက္ အထက္ျမန္မာႏိုင္ငံ၊ ေျမႏွင့္အခြန္ နည္းဥပေဒ ပုဒ္မ ၇၅ မွ ၇၉ အထိ လည္းေကာင္း၊ ေအာက္ျမန္မာ ႏိုင္ငံအတြက္ ေျမႏွင့္အခြန္ နည္းဥပေဒ ပုဒ္မ ၆၆ မွ ၇၁ အထိလည္းေကာင္း ျပ႒ာန္းခ်က္မ်ား၊ အမိန္႔ဆင့္ဆိုခ်က္မ်ား ရွိပါသည္။ ထို႔အျပင္ စားက်က္ေျမ မ်ားႏွင့္ အမ်ားျပည္သူပိုင္ ေျမမ်ား စစ္ေဆးၾကပ္မတ္ရန္ႏွင့္ စည္းကမ္း ေဖာက္ဖ်က္မႈမ်ားအတြက္ ျမန္မာႏိုင္ငံ ေျမစာရင္းလက္စြဲ (Land Records Manual) အပိုဒ္ ၉၁၆ မွ ၉၂၈ အထိလည္းေကာင္း၊ က်ဴးေက်ာ္မႈမ်ား အေရးယူရန္ကို ၎ဥပေဒအပိုဒ္ ၉၂၂ တြင္လည္းေကာင္း ျပဌာန္းထားၿပီး ျဖစ္ရာ အေျခခံ အက်ဆုံး ရပ္ေက်း ေျမတိုင္းစာေရး၊ ေထြအုပ္စာေရးႏွင့္ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ားတြင္ မ်ားစြာ တာဝန္ရွိေနပါသည္။ လက္ရွိ အခ်ိန္တြင္ ေျမျပင္၌ စားက်က္ေျမမ်ား မရွိသေလာက္ ျဖစ္ေနျခင္းသည္ ယခင္က ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ေခတ္အဆက္ဆက္ ဝန္ထမ္းမ်ား အားနည္းခ်က္ေၾကာင့္ လည္းေကာင္း၊ တာဝန္ပ်က္ကြက္ ခဲ့မႈမ်ားေၾကာင့္ လည္းေကာင္း၊ အႏိုင္က်င့္ ခံရမႈမ်ားေၾကာင့္ လည္းေကာင္း ျဖစ္ပါသည္။ က်န္ရွိေသာ စားက်က္ေျမႏွင့္ ေက်း႐ြာလိုအပ္ခ်က္ ရွိပါက စားက်က္ေျမ ထိန္းသိမ္း ေဆာင္႐ြက္ႏိုင္ေစရန္ တင္ျပလိုက္ရ ပါသည္။
ကိုးကား.. ဆရာေက်ာ္(ေအာင္ျမတ္ေက်ာ္) ႏွင့္ ဆရာ ဦးေမာင္ေမာင္ၫြန္႔
ဆရာဦးေမာင္ေမာင္ၫြန္႔၏ စားက်က္ေျမအေၾကာင္း ေရးသားမႈအား ပူးတြဲ တင္ျပလိုက္ပါသည္။
Crd: Copy from Tun Aung Kyaw Fb Wall
0 comments:
Post a Comment