#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေယာကိစ္စတိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်ရန် အတွက် တင်ပြတိုင်ကြားသူများ ရက်ပေါင်း(၃၀)အတွင်း ဆက်သွယ်ဆောင်ရွက် သွားပါရန် သတင်း ထုတ်ပြန်ခြင်း

Sunday, July 12, 2020

ကြော်ငြာနှင့်နှိုးဆော်ချက်များ 

Posted on July 6, 2020 AuthoradminComments Offon
Copy-https://www.agri.com.mm/10726-2/ 
လယ်-စီ-စာရင်း 

 မြေယာကိစ္စတိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်ရန် အတွက် တင်ပြတိုင်ကြားသူများ ရက်ပေါင်း(၃၀)အတွင်း ဆက်သွယ်ဆောင်ရွက် သွားပါရန် သတင်း ထုတ်ပြန်ခြင်း

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟို ကော်မတီ၏ (၅-၆-၂၀၂၀)ရက်တွင် ကျင်းပပြုလုပ်သည့် ဗဟိုကော်မတီ၏ (၄၆)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက် အရ မြေယာကိစ္စတိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်ရန် အတွက် တင်ပြတိုင်ကြားသူများအား ဆက်သွယ်ဆောင်ရွက်ရာတွင် တင်ပြစာပါ လိပ်စာများတွင် မရှိခြင်း၊ တင်ပြမြေနေရာများသာ ပါရှိပြီး ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ် မပါခြင်းများကြောင့် ဆက်သွယ်မှု မရရှိသူများ ကို
ရှာဖွေဆက်သွယ်ပြီး ဆက်လက်‌စိစစ်ပေးနိုင်ရေး အတွက် နိုင်ငံပိုင်သတင်းစာတွင် ကြေညာရန် ဆုံးဖြတ်ခဲ့ ပါသည်။

အဆိုပါ ဆက်သွယ်မှု မရရှိသူများ၏ အမည်စာရင်းအား နေ့စဉ်ထုတ် သတင်းစာများ တွင် ထည့်သွင်းကြေညာပေးသွားမည် ဖြစ်ပါသည်။ မြေယာကိစ္စတိုင်ကြား တင်ပြခဲ့သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ ရက်ပေါင်း(၃၀)အတွင်း ဆက်သွယ်ဆောင်ရွက် သွားပါရန် သတင်း ထုတ်ပြန်အပ်ပါသည်။









မူရင်းလင့်
Crd:https://www.agri.com.mm/10726-2/လယ်-စီ-စာရင်း


0 comments:

Post a Comment