#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်ယာ မြေလုပ်ပိုင်ခွင့်ကို အမွေ ဆက်ခံခြင်းနှင့် စပ် လျဉ်း၍ အငြင်းပွါးမှု

Saturday, July 18, 2020

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံရ ရရှိထားတဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ဇနီးဖြစ်သူရဲ့အမည်ကို ပြောင်းလိုပါတယ် ။  တရားရုံးရဲ့ အမွေဆက်ခံခွင့်လက်မှတ်လိုအပ်ပါသလား ။ ဒါမှမဟုတ် ကျေးရွာလယ်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အမည်ပြောင်းဆောင်ရွက်ပေးလို့ရပါသလား ။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို ဖြေကြား ပေးစေချင်ပါတယ် ။
=====================================

 ဒီမေးခွန်းမျိုးကို အများပြည်သူ သိရှိအောင် ဖြေဆိုခွင့်ရလို့ ကျေးဇူးပါ။  အင်မတန်ကောင်းတဲ့  မေးခွန်း ဖြစ်ပါတယ်။ အောက်ခြေမှာ မည်သို့ ခံယူ လုပ်ဆောင်ရမည်ကို အငြင်းပွါး ရှုပ်ထွေးနေသည့် ကိစ္စတစ် ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ နယ်သွားစဉ်  မကြာခဏ အမေးခံရသည့် ပြဿ နာလည်း ဖြစ်ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်ကို လယ်ယာမြေဥပဒေ ပုဒ်မ ၉ (ဂ) အရ အမွေဆက်ခံခွင့် ရှိပါတယ်။ လယ် ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ရ ဦးပိုင်အား ခွဲံစိတ်ခွင့်၊  ပေါင်းစည်းခွင့်၊ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခွင့်များအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဗဟိုလယ်စီအဖွဲ့မှ ညွှန်ကြား ချက်အမှတ် (၁/၂၀၁၇) ဖြင့် ၂၀၁၇ ကတည်းကပင် ညွှန်ကြား  ဆောင်ရွက်ပေးလျှက် ရှိပါတယ်။ 

 လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဂ) တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် “လယ်ယာ မြေလုပ်ပိုင်ခွင့်ကို အမွေ ဆက်ခံခြင်းနှင့် စပ် လျဉ်း၍ အငြင်းပွါးမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေ နှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့် ” ဆိုသည့် ပြဌာန်း ချက်သည် အမှန် တကယ်တော့ ဘောင်အတော်လေး ကျဉ်းနေပါတယ်။ လယ်ယာမြေဥပဒေက တရားရုံးနှင့် ဆက်စပ်နိုင် မှု အတိုင်းအတာကို အဓိက အချက် ၃ ချက် နဲ့ ဘောင်ခတ် ဖေါ်ပြ ထားသည့်အသွင် မြင်ရပါတယ်။ 

ပထမ အချက်က လယ်ယာမြေ ဧရိယာတွေကို ခွဲစိပ်ဝေငှ အမိန့်ချမှတ်ရန် မဟုတ်ဘူုး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ဆိုသည့် အခွင့်အရေးကိုသာ ဆက် ခံနိုင် စေရန်  ဟု အဓိပ္ပါယ်ရပါတယ်။ (Not for property, only inheritance of the Right to use the farmland) ဖြစ်ပါတယ်။ 

ဒုတိယ အချက်က အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွါးမှု ပေါ် ပေါက်လာပါက ..if the dispute arise ..ဟု ဆိုထားသည့်အတွက် ပုံစံ ၇ ရရှိထားသည့် အမွေရှင်၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို (အမွေ ရှင်မရှိသည့်နောက်) ကျန်ရစ်သူ အမွေ ဆက်ခံသူများ၊ သားသမီးများမှ ဆက်ခံရန် ကိစ္စ ညှိနှိုင်းရာတွင် မကျေမလည် အငြင်းပွါးမှု ပေါ်ပေါက်မှ ..ဟု ဆို လိုသည့် သဘော သက်ရောက်နေရာ ညှိနှိုင်း သဘော တူခွဲ ကျေနပ်ကြပါက တရားရုံးသို့ သွားရန် လိုပါမလား ဆိုသည့် second thoughts ဖြစ်ပေါ်စေတယ်။ 

တတိယ အချက်မှာ သုံးနှုန်းသည့် စကားရပ်အရ ဖြစ်ပါတယ်။ ..သက်ဆိုင် ရာ တရားရုံး၏ အဆုံးအဖြတ် ခံ ယူနိုင်ခွင့်.. right to accept the decision of the relevant court..ဟူသော စကားရပ်သည်  လယ်ယာမြေ အမွေဆက်ခံခြင်းသည် တရားရုံးနှင့်သာ သက်ဆိုင်သည်၊ အမွေဆက် ခံခြင်းအား ဆုံးဖြတ်ချက် ရယူရန် တရားရုံးသို့ လွှဲအပ်စေရမည် ဟု တိကျရှင်းလင်းစွာ မပြဆိုဘဲ တရားရုံး အဆုံး အဖြတ်ကို လက်ခံနိုင်ခွင့် to accept the decision ဟု ဆိုထားရာ Must ဆိုသည့် အဓိပ္ပါယ်ထက် May ဆိုသည့် အဓိပ္ပါယ် ပိုသက်ရောက်ပါတယ်။ အငြင်းမပွါးက လယ်စီမှ ရှင်းပေးနိုင်သည်၊ အငြင်းပွါးပါက တရားရုံး အဆုံးအဖြတ်ကို လက်ခံနိုင်သည်  ဆိုသည့် ခွချက် သဘော သက်ရောက်နေပါသည်။ 

ထို့အပြင် အမွေဆက်ခံခြင်းဖြင့် အမည်ပြောင်းကိစ္စများအတွက် လယ်ယာမြေဥပဒေနည်းဥပဒေ ၂၉ အရ အမွေဆက်ခံသူသည် အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားနှင့်အတူ လယ်ယာမြေ လုပ် ပိုင်ခွင့် ရရှိသူ အမည်ပြောင်းပေးရန်အတွက် လျှောက်ထားရန် အသုံးပြုရမည့်  ပုံစံ (၉-က) မှာ ဖေါ်ပြ ထား မှုတွင် ပုံစံ ၉ ၏ အမှတ်စဉ်-၁၁ ပူးတွဲ တင်ပြရမည့် အထောက်အထား အဖြစ် စီရင်ပိုင် ခွင့်ရှိသည့်တရားရုံးက ထုတ်ပေးသော အမွေဆက်ခံခွင့်လက်မှတ် မိတ္တူဟုသာ ဒဏ်သေ ဆိုထားခြင်း ဖြစ်ပါတယ်။ ထို့အတွက် တရားရုံး၏ အခြား စီရင်ပိုင်ခွင့်များဖြစ်သည့် အမွေပုံစီမံခန့်ခွဲခွင့်အတွက် ပဏာမဒီကရီအမိန့်ချမှတ်စေမှု၊ ပစ္စည်းခွဲဝေ ချမှတ်မှု partition suit အတွက် အမိန့်ဒီကရီများ ၊ ပိုင်ဆိုင်ကြောင်းနှင့် ပစ္စည်းလက်ရောက် ပေးစေရန် အမိန့်ချမှတ်မှုများ အတွက် လက်ခံဆောင် ရွက်ပေးရန် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် ဗဟိုလယ်စီ၏ ညွှန်ကြား ချက်များ၌ မပါရှိပါဘူး။  

တစ်ဖက်ကလည်း အမွေဆက်ခံခြင်းဟု ဆိုရာ၌ မြန်မာနိုင်ငံရှိတရားရုံးများသည် အမွေဆက်ခံရေး အမွေခွဲဝေရေး စသည်တို့အတွက် အမှုဖြစ်ပွါးလာလျှင် အမွေရှင်နှင့်ပတ်သက်သော မိသားစု ဥပဒေ အရ အဆုံးအဖြတ်ပြုနိုင်ခွင့််ကို မြန်မာနိုင်ငံ တရားဥပဒေများအက်ဥပဒေ ပုဒ်မ၁၃(၁) ပြဌာန်းချက်အရ ဆောင် ရွက်ခွင့် ရှိပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့လူမျိုးဥပဒေ ဖြစ်သော မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်သေလျှင် ဇနီးပိုင်တဲ့သဘောအရ ဇနီးသည်က ခင်ပွန်းဖြစ်သူနှင့်အတူ ပူးတွဲ ပိုင်ဆိုင်ခွင့် ရှိပါတယ်။ အမွေရှင် မိဘများ မရှိတော့လျှင် အမွေသည် သားသမီးများထံ ဆင်းသက်သည့် Vested Right ဖြစ်တယ် ဟူသော သဘောတရားများလည်း ရှိပါတယ်။ 

ပုံစံ ၇ ပိုင်ရှင် ဖခင် ကွယ်လွန်က အမွေဆက်ခံမည့် သားသမီးများ အငြင်းပွါးလျှင် တရားရုံးသွား နိုင်ကြောင်း ပုဒ် (၉(ဂ) မှ ပြဆို ထားပေမဲ့ ပူးတွဲ အမွေရှင် ဖြစ်တဲ့ ဇနီးသည်က  ယောင်္ကျား ကွယ် လွန်လျှင် အမွေဆက်ခံခွင့် အတွက် တရားရုံးတွင် အမွေဆက်ခံခွင့်လက်မှတ်  လျှောက်ထားရန် လိုပါ မည်လား စဉ်းစားစရာ ဖြစ်ပါတယ်။ ယခု ခေတ်တွင်  Gender Issues များ ပေါ်ပေါက်လာသဖြင့် ပုံစံ ၇ တွင် ဇနီးအမည်ပါ ပူးတွဲ ထုတ် ပေး ရေး ဆောင်ရွက်ပေးရမှုများ ရှိလာသည့် အချိန်ကာလမှာ အခုလို ပူးတွဲ အမွေရှင်ဖြစ်သူ ဇနီးအတွက် ယောကျာၤးသေဆုံးက ဇနီး၏အမည် ပြောင်းပေးရေးကိစ္စသည် လယ်စီ အဖွဲ့၏ လုပ်ငန်းဖြင့်သာ  ပြီးသင့်ပါတယ်။ ဗဟို လယ်စီမှ ယင်းကိစ္စမျိုးကို သီးခြား စဉ်းစားပြီး ညွှန်ကြား ချက်  ထုတ်ပေးသင့်ပါတယ်။ 

#DVBLawlab #DVBTVnews #ပုံစံ၇ #လယ်ယာမြေဥပဒေ
Crd:DVBLawlab

(Zawgyi)

လယ္ယာေျမလုပ္ပိုင္ခြင့္ပုံစံရ ရရွိထားတဲ့ ခင္ပြန္းျဖစ္သူ ကြယ္လြန္သြားတဲ့အတြက္ ဇနီးျဖစ္သူရဲ႕အမည္ကို ေျပာင္းလိုပါတယ္ ။  တရား႐ုံးရဲ႕ အေမြဆက္ခံခြင့္လက္မွတ္လိုအပ္ပါသလား ။ ဒါမွမဟုတ္ ေက်း႐ြာလယ္စီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ အမည္ေျပာင္းေဆာင္႐ြက္ေပးလို႔ရပါသလား ။ ဘယ္လိုေဆာင္႐ြက္ရမလဲဆိုတာကို ေျဖၾကား ေပးေစခ်င္ပါတယ္ ။
=====================================

 ဒီေမးခြန္းမ်ိဳးကို အမ်ားျပည္သူ သိရွိေအာင္ ေျဖဆိုခြင့္ရလို႔ ေက်းဇူးပါ။  အင္မတန္ေကာင္းတဲ့  ေမးခြန္း ျဖစ္ပါတယ္။ ေအာက္ေျခမွာ မည္သို႔ ခံယူ လုပ္ေဆာင္ရမည္ကို အျငင္းပြါး ရႈပ္ေထြးေနသည့္ ကိစၥတစ္ ရပ္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ နယ္သြားစဥ္  မၾကာခဏ အေမးခံရသည့္ ျပႆနာလည္း ျဖစ္ပါတယ္။

လယ္ယာေျမလုပ္ပိုင္ခြင့္ကို လယ္ယာေျမဥပေဒ ပုဒ္မ ၉ (ဂ) အရ အေမြဆက္ခံခြင့္ ရွိပါတယ္။ လယ္ ယာေျမ လုပ္ပိုင္ခြင့္ကို အေမြဆက္ခံျခင္းျဖင့္ လုပ္ပိုင္ခြင့္ရ ဦးပိုင္အား ခြဲံစိတ္ခြင့္၊  ေပါင္းစည္းခြင့္၊ ျပဳျပင္ ေျပာင္းလဲ ေဆာင္႐ြက္ခြင့္မ်ားအတြက္ ေဆာင္႐ြက္ရမည့္နည္းလမ္းမ်ားကို ဗဟိုလယ္စီအဖြဲ႕မွ ၫႊန္ၾကား ခ်က္အမွတ္ (၁/၂၀၁၇) ျဖင့္ ၂၀၁၇ ကတည္းကပင္ ၫႊန္ၾကား  ေဆာင္႐ြက္ေပးလွ်က္ ရွိပါတယ္။ 

 လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ဂ) တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ “လယ္ယာ ေျမလုပ္ပိုင္ခြင့္ကို အေမြ ဆက္ခံျခင္းႏွင့္ စပ္လ်ဥ္း၍ အျငင္းပြါးမႈ ေပၚေပါက္လာပါက တည္ဆဲ ဥပေဒ ႏွင့္အညီ သက္ဆိုင္ရာ တရား႐ုံး၏ အဆုံးအျဖတ္ခံယူႏိုင္ခြင့္ ” ဆိုသည့္ ျပဌာန္းခ်က္သည္ အမွန္ တကယ္ေတာ့ ေဘာင္အေတာ္ေလး က်ဥ္းေနပါတယ္။ လယ္ယာေျမဥပေဒက တရား႐ုံးႏွင့္ ဆက္စပ္ႏိုင္ မႈ အတိုင္းအတာကို အဓိက အခ်က္ ၃ ခ်က္ နဲ႔ ေဘာင္ခတ္ ေဖၚျပ ထားသည့္အသြင္ ျမင္ရပါတယ္။ 
ပထမ အခ်က္က လယ္ယာေျမ ဧရိယာေတြကို ခြဲစိပ္ေဝငွ အမိန္႔ခ်မွတ္ရန္ မဟုတ္ဘူုး၊ လယ္ယာေျမ လုပ္ပိုင္ခြင့္ ဆိုသည့္ အခြင့္အေရးကိုသာ ဆက္ခံႏိုင္ ေစရန္  ဟု အဓိပၸါယ္ရပါတယ္။ (Not for property, only inheritance of the Right to use the farmland) ျဖစ္ပါတယ္။ 

ဒုတိယ အခ်က္က အေမြဆက္ခံျခင္းႏွင့္ စပ္လ်ဥ္း၍ အျငင္းပြါးမႈ ေပၚေပါက္လာပါက ..if the dispute arise ..ဟု ဆိုထားသည့္အတြက္ ပုံစံ ၇ ရရွိထားသည့္ အေမြရွင္၏ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို (အေမြ ရွင္မရွိသည့္ေနာက္) က်န္ရစ္သူ အေမြ ဆက္ခံသူမ်ား၊ သားသမီးမ်ားမွ ဆက္ခံရန္ ကိစၥ ညႇိႏႈိင္းရာတြင္ မေက်မလည္ အျငင္းပြါးမႈ ေပၚေပါက္မွ ..ဟု ဆို လိုသည့္ သေဘာ သက္ေရာက္ေနရာ ညႇိႏႈိင္း သေဘာ တူခြဲ ေက်နပ္ၾကပါက တရား႐ုံးသို႔ သြားရန္ လိုပါမလား ဆိုသည့္ second thoughts ျဖစ္ေပၚေစတယ္။ 

တတိယ အခ်က္မွာ သုံးႏႈန္းသည့္ စကားရပ္အရ ျဖစ္ပါတယ္။ ..သက္ဆိုင္ရာ တရား႐ုံး၏ အဆုံးအျဖတ္ ခံ ယူႏိုင္ခြင့္.. right to accept the decision of the relevant court..ဟူေသာ စကားရပ္သည္  လယ္ယာေျမ အေမြဆက္ခံျခင္းသည္ တရား႐ုံးႏွင့္သာ သက္ဆိုင္သည္၊ အေမြဆက္ခံျခင္းအား ဆုံးျဖတ္ခ်က္ ရယူရန္ တရား႐ုံးသို႔ လႊဲအပ္ေစရမည္ ဟု တိက်ရွင္းလင္းစြာ မျပဆိုဘဲ တရား႐ုံး အဆုံး အျဖတ္ကို လက္ခံႏိုင္ခြင့္ to accept the decision ဟု ဆိုထားရာ Must ဆိုသည့္ အဓိပၸါယ္ထက္ May ဆိုသည့္ အဓိပၸါယ္ ပိုသက္ေရာက္ပါတယ္။ အျငင္းမပြါးက လယ္စီမွ ရွင္းေပးႏိုင္သည္၊ အျငင္းပြါးပါက တရား႐ုံး အဆုံးအျဖတ္ကို လက္ခံႏိုင္သည္  ဆိုသည့္ ခြခ်က္ သေဘာ သက္ေရာက္ေနပါသည္။ 

ထို႔အျပင္ အေမြဆက္ခံျခင္းျဖင့္ အမည္ေျပာင္းကိစၥမ်ားအတြက္ လယ္ယာေျမဥပေဒနည္းဥပေဒ ၂၉ အရ အေမြဆက္ခံသူသည္ အေမြဆက္ခံခြင့္ရွိေၾကာင္း အေထာက္အထားႏွင့္အတူ လယ္ယာေျမ လုပ္ ပိုင္ခြင့္ ရရွိသူ အမည္ေျပာင္းေပးရန္အတြက္ ေလွ်ာက္ထားရန္ အသုံးျပဳရမည့္  ပုံစံ (၉-က) မွာ ေဖၚျပ ထား မႈတြင္ ပုံစံ ၉ ၏ အမွတ္စဥ္-၁၁ ပူးတြဲ တင္ျပရမည့္ အေထာက္အထား အျဖစ္ စီရင္ပိုင္ ခြင့္ရွိသည့္တရား႐ုံးက ထုတ္ေပးေသာ အေမြဆက္ခံခြင့္လက္မွတ္ မိတၱဴဟုသာ ဒဏ္ေသ ဆိုထားျခင္း ျဖစ္ပါတယ္။ ထို႔အတြက္ တရား႐ုံး၏ အျခား စီရင္ပိုင္ခြင့္မ်ားျဖစ္သည့္ အေမြပုံစီမံခန္႔ခြဲခြင့္အတြက္ ပဏာမဒီကရီအမိန္႔ခ်မွတ္ေစမႈ၊ ပစၥည္းခြဲေဝ ခ်မွတ္မႈ partition suit အတြက္ အမိန္႔ဒီကရီမ်ား ၊ ပိုင္ဆိုင္ေၾကာင္းႏွင့္ ပစၥည္းလက္ေရာက္ ေပးေစရန္ အမိန္႔ခ်မွတ္မႈမ်ား အတြက္ လက္ခံေဆာင္ ႐ြက္ေပးရန္ လယ္ယာေျမဥပေဒ၊ နည္းဥပေဒႏွင့္ ဗဟိုလယ္စီ၏ ၫႊန္ၾကား ခ်က္မ်ား၌ မပါရွိပါဘူး။  

တစ္ဖက္ကလည္း အေမြဆက္ခံျခင္းဟု ဆိုရာ၌ ျမန္မာႏိုင္ငံရွိတရား႐ုံးမ်ားသည္ အေမြဆက္ခံေရး အေမြခြဲေဝေရး စသည္တို႔အတြက္ အမႈျဖစ္ပြါးလာလွ်င္ အေမြရွင္ႏွင့္ပတ္သက္ေသာ မိသားစု ဥပေဒ အရ အဆုံးအျဖတ္ျပဳႏိုင္ခြင့္ကို ျမန္မာႏိုင္ငံ တရားဥပေဒမ်ားအက္ဥပေဒ ပုဒ္မ၁၃(၁) ျပဌာန္းခ်က္အရ ေဆာင္ ႐ြက္ခြင့္ ရွိပါတယ္။ ျမန္မာဗုဒၶဘာသာ၀င္မ်ားအတြက္ မိမိတို႔လူမ်ိဳးဥပေဒ ျဖစ္ေသာ ျမန္မာ့ ဓေလ့ထုံးတမ္း ဥပေဒအရ လင္ေသလွ်င္ ဇနီးပိုင္တဲ့သေဘာအရ ဇနီးသည္က ခင္ပြန္းျဖစ္သူႏွင့္အတူ ပူးတြဲ ပိုင္ဆိုင္ခြင့္ ရွိပါတယ္။ အေမြရွင္ မိဘမ်ား မရွိေတာ့လွ်င္ အေမြသည္ သားသမီးမ်ားထံ ဆင္းသက္သည့္ Vested Right ျဖစ္တယ္ ဟူေသာ သေဘာတရားမ်ားလည္း ရွိပါတယ္။ 

ပုံစံ ၇ ပိုင္ရွင္ ဖခင္ ကြယ္လြန္က အေမြဆက္ခံမည့္ သားသမီးမ်ား အျငင္းပြါးလွ်င္ တရား႐ုံးသြား ႏိုင္ေၾကာင္း ပုဒ္ (၉(ဂ) မွ ျပဆို ထားေပမဲ့ ပူးတြဲ အေမြရွင္ ျဖစ္တဲ့ ဇနီးသည္က  ေယာက်ၤား ကြယ္ လြန္လွ်င္ အေမြဆက္ခံခြင့္ အတြက္ တရား႐ုံးတြင္ အေမြဆက္ခံခြင့္လက္မွတ္  ေလွ်ာက္ထားရန္ လိုပါ မည္လား စဥ္းစားစရာ ျဖစ္ပါတယ္။ ယခု ေခတ္တြင္  Gender Issues မ်ား ေပၚေပါက္လာသျဖင့္ ပုံစံ ၇ တြင္ ဇနီးအမည္ပါ ပူးတြဲ ထုတ္ေပးေရး ေဆာင္႐ြက္ေပးရမႈမ်ား ရွိလာသည့္ အခ်ိန္ကာလမွာ အခုလို ပူးတြဲ အေမြရွင္ျဖစ္သူ ဇနီးအတြက္ ေယာက်ာၤးေသဆုံးက ဇနီး၏အမည္ ေျပာင္းေပးေရးကိစၥသည္ လယ္စီ အဖြဲ႕၏ လုပ္ငန္းျဖင့္သာ  ၿပီးသင့္ပါတယ္။ ဗဟို လယ္စီမွ ယင္းကိစၥမ်ိဳးကို သီးျခား စဥ္းစားၿပီး ၫႊန္ၾကားခ်က္  ထုတ္ေပးသင့္ပါတယ္။ 

#DVBLawlab #DVBTVnews #ပုံစံ၇ #လယ္ယာေျမဥပေဒ
Crd:DVBLawlab

0 comments:

Post a Comment