#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ Disposal land

Sunday, April 26, 2020

စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ Disposal land 
ဆရာဦးမောင်မောင်ညွန့် ရေးသည်

#disposal land
နယ်မှ ညီငယ်တစ်ဦးက ဖုန်းဖြင့် မေးမြန်းလားသည်မှာ “မြို့ရွာပြင်ပတွင် စက်မှုလုပ်ငန်းအတွက် ဂရန် လျှောက်လာသည့်အမှုတစ်ခုတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း) က ပုံစံ-၁၀၅ နှင့်
၁၀၆ ရေးကူးပေးလိုက်သည်တွင် မြေအမျိုးအစားကို (အခြားမြေ) ဟု ဖေါ်ပြခဲ့ပါသည်။ ယင်းမြေအတွက် အမှုတွဲတည်ဆောက်၍ တင်ပြခဲ့ရာတွင် အထက်ရုံးက အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ အဖြစ် သတ်မှတ်ကြေညာရန် ပြန်လည် ညွှန်ကြားလာပါသည်။ ယင်းအတွက် မည်သို့ လုပ်ရပါမည်နည်း။” ဟူ၍ ဖြစ်ပါသည်။ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ဟူသည် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေအရ မြို့ရွာတွင်းရှိမြေများကို ခွဲခြားဖွင့်ဆိုချက်သာ တွေ့ရပြီး၊ မြို့ရွာပြင်ရှိမြေများအတွက် မြေနှင့်အခွန် အက်ဥပဒေ၊ အထက်မြန်မာပြည် မြေနှင့် အခွန် စည်းမျဉ်းဥပဒေတို့တွင် ဖွင့်ဆို သတ်မှတ်ချက် မတွေ့မိပါ။ အချို့သော စီနီယာကြီးများက ဂရန်ပေးခြင်းလျှင် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ Disposal land ဖြစ်ရမည် ဟု အလွယ်ပြောဆို သွန်သင်ကြပါသည်။ ဤတွင် မည်သည့်မြေကို မည်သူက စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း သတ်မှတ်ထားသည် ဟူသည်ကိုမူ ဆက်လက် သွန်သင်မှု မပြုကြပါ။ အချို့ကလည်း မြေနှင့်ပတ်သက်ပါက ထွေ/အုပ် က သာ စီမံခန့်ခွဲပိုင်ခွင့် ရှိသည် ဟု တရားသေ မျက်စေ့မှိတ် ပြောနေကြပါသည်။ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ Land at the disposal of Government ဟူ၍ ရှိသည်မှန်သော်လည်း၊ မည်သည့် မြေမျိုး ကို မည်သည့် အစိုးရဌာန/ အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ကို၊ ခေတ်အဆက်ဆက် ပြဌာန်းခဲ့သည့် ဥပဒေများ၏ အကျိုးဆက်များကို မလေ့လာဘဲ၊ မိမိဌာန၏ ဥပဒေလက်စွဲမျှဖြင့် လှေနံဓါးထစ် ပြောဆို ညွှန်ကြားနေကြခြင်းအတွက်၊ အောက်ခြေ ဝန်ထမ်းငယ်များ အူလယ်လယ် ဖြစ်နေကြရမည် အမှန်ပင် ဖြစ်ပါသည်။
Unicode -------
#disposal land
နယ်မှ ညီငယ်တစ်ဦးက ဖုန်းဖြင့် မေးမြန်းလားသည်မှာ “မြို့ရွာပြင်ပတွင် စက်မှုလုပ်ငန်းအတွက် ဂရန် လျှောက်လာသည့်အမှုတစ်ခုတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း) က ပုံစံ-၁၀၅ နှင့် ၁၀၆ ရေးကူးပေးလိုက်သည်တွင် မြေအမျိုးအစားကို (အခြားမြေ) ဟု ဖေါ်ပြခဲ့ပါသည်။ ယင်းမြေအတွက် အမှုတွဲတည်ဆောက်၍ တင်ပြခဲ့ရာတွင် အထက်ရုံးက အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ အဖြစ် သတ်မှတ်ကြေညာရန် ပြန်လည် ညွှန်ကြားလာပါသည်။ ယင်းအတွက် မည်သို့ လုပ်ရပါမည်နည်း။” ဟူ၍ ဖြစ်ပါသည်။ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ဟူသည် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေအရ မြို့ရွာတွင်းရှိမြေများကို ခွဲခြားဖွင့်ဆိုချက်သာ တွေ့ရပြီး၊ မြို့ရွာပြင်ရှိမြေများအတွက် မြေနှင့်အခွန် အက်ဥပဒေ၊ အထက်မြန်မာပြည် မြေနှင့် အခွန် စည်းမျဉ်းဥပဒေတို့တွင် ဖွင့်ဆို သတ်မှတ်ချက် မတွေ့မိပါ။ အချို့သော စီနီယာကြီးများက ဂရန်ပေးခြင်းလျှင် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ Disposal land ဖြစ်ရမည် ဟု အလွယ်ပြောဆို သွန်သင်ကြပါသည်။ ဤတွင် မည်သည့်မြေကို မည်သူက စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း သတ်မှတ်ထားသည် ဟူသည်ကိုမူ ဆက်လက် သွန်သင်မှု မပြုကြပါ။ အချို့ကလည်း မြေနှင့်ပတ်သက်ပါက ထွေ/အုပ် က သာ စီမံခန့်ခွဲပိုင်ခွင့် ရှိသည် ဟု တရားသေ မျက်စေ့မှိတ် ပြောနေကြပါသည်။ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ Land at the disposal of Government ဟူ၍ ရှိသည်မှန်သော်လည်း၊ မည်သည့် မြေမျိုး ကို မည်သည့် အစိုးရဌာန/ အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ကို၊ ခေတ်အဆက်ဆက် ပြဌာန်းခဲ့သည့် ဥပဒေများ၏ အကျိုးဆက်များကို မလေ့လာဘဲ၊ မိမိဌာန၏ ဥပဒေလက်စွဲမျှဖြင့် လှေနံဓါးထစ် ပြောဆို ညွှန်ကြားနေကြခြင်းအတွက်၊ အောက်ခြေ ဝန်ထမ်းငယ်များ အူလယ်လယ် ဖြစ်နေကြရမည် အမှန်ပင် ဖြစ်ပါသည်။

ဆရာဦးမောင်မောင်ညွန့်၏ မူရင်းလင့်
https://m.facebook.com/story.php?story_fbid=944239439338112&id=100012561935452

0 comments:

Post a Comment