မြေယာစီမံခန့်ခွဲရေးနှင့်ပတ်သက်သော အခြေခံသဘောတရားများ
ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့သော ကျွန်ုပ်တို့၏မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများနှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် များစွာကြိုးစားရဦးမည်ဖြစ်ပါသည်။ အတိတ်ကာလတွင် အမှားများစွာ၊ အားနည်းချက်များစွာရှိခဲ့သောကြောင့် ထိုသို့ သော ဖွံ့ဖြိုးမှုနောက်ကျခြင်းအကျိုးဆက်ဖြစ်ပေါ်လာခဲ့သည်ဟု သုံးသပ်ပါသည်။ ထိုအမှားများ ဆက်လက်မကျူးလွန် ဖြစ်စေရန်လည်း မိမိတို့အားလုံး သတိပြုရန်လိုအပ်ပါသည်။
အထူးသဖြင့် မြေသယံဇာတကို ထုတ်ယူသုံးစွဲကြရာ တွင် မှန်ကန်သောစီမံခန့်ခွဲမှုတစ်ရပ် မဖြစ်မနေလိုအပ်ပါသည်။
အထူးသဖြင့် မြေသယံဇာတကို ထုတ်ယူသုံးစွဲကြရာ တွင် မှန်ကန်သောစီမံခန့်ခွဲမှုတစ်ရပ် မဖြစ်မနေလိုအပ်ပါသည်။
သို့ဖြစ်ပါ၍ စနစ်ကျသော မြေယာစီမံခန့်ခွဲမှုကို လက်တွေ့စီမံခန့်ခွဲနေသူအားလုံးသာမက တိုင်းသူပြည်သား အားလုံး သိရှိသတိပြုစေရန်အတွက် ဤဆောင်းပါးကို ရေးသားတင်ပြအပ်ပါသည်။
မြေယာစီမံခန့်ခွဲရေးကိစ္စရပ်တိုင်းတွင် အောက်ပါအခြေခံသဘောတရားများ ပါရှိနေပါသည်။ အဆိုပါအခြေခံ သဘောတရားများနှင့်ကင်းလွတ်၍ မည်သည့်မြေယာစီမံခန့်ခွဲမှုကိုမျှ ဆောင်ရွက်ရန်မသင့်ပါ။ ဤအခြေခံသဘော တရားများကိုကင်းလွတ်၍ဆောင်ရွက်သော မည်သည့်မြေယာစီမံခန့်ခွဲမှုကိုမဆို မှန်ကန်သောမြေယာစီမံခန့်ခွဲမှု တစ်ခုအဖြစ် မှတ်ယူ၍မရပါ။
၎င်းတို့မှာ -
နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုရှိရခြင်း
ဦးပိုင်နယ်နိမိတ်၊ ကွင်းနယ်နိမိတ်၊ ကျေးရွာအုပ်စုနယ်နိမိတ်၊ မြို့နယ်နယ်နိမိတ်၊ ခရိုင်နယ်နိမိတ်၊ တိုင်းဒေသကြီး/ ပြည်နယ်နယ်နိမိတ်၊ နိုင်ငံတော်နယ်နိမိတ်၊ အပြည်ပြည်ဆိုင်ရာနယ်နိမိတ် စသည်တို့သည် စီမံခန့်ခွဲခွင့်အတွက် အခြေခံပိုင်းခြားသတ်မှတ်ထားမှုဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်နယ်နိမိတ်အတွင်းသို့ကျူးကျော်၍ စီမံခန့်ခွဲခွင့်မရှိသကဲ့သို့ နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံနယ်နိမိတ်ကို သွားရောက်စီမံခန့်ခွဲပိုင်ခွင့်မရှိပါ။ သို့ဖြစ်ပါ၍ မြေယာစီမံခန့်ခွဲမှုကိစ္စရပ်တိုင်းတွင် နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုသည် ပါရှိရမည် ဖြစ်ပါသည်။
စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာ ခွဲခြားသတ်မှတ်မှုရှိရခြင်း
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇(က)အရ နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်ကိုယ်စား၊ နိုင်ငံတော်မှ အခွင့်အာဏာပေးအပ်ထားသူသည် စီမံခန့်ခွဲပိုင်ခွင့် အခွင့် အာဏာရရှိပါသည်။ အဆိုပါစီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာရှိသူသည် မြေယာဆိုင်ရာကိစ္စများကို စီမံခန့်ခွဲရပါသည်။
မြန်မာနိုင်ငံတွင် အခြေခံမြေမျိုးသတ်မှတ်ချက်များရှိပါသည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး နောက် စနစ်တကျမြေတိုင်းတာ မြေပုံထုတ်ပြီး ကြေးတိုင်စိုက်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ကြေးတိုင် စိုက်ခြင်းလုပ်ငန်းစဉ်ကြောင့် မြေမျိုးခွဲခြားသတ်မှတ်မှုများ ဖြစ်တည်လာခဲ့ရပါသည်။ အဆိုပါမြေမျိုးခွဲခြားသတ်မှတ် ချက်များကို ယနေ့အချိန်ထိ ကိုင်စွဲအသုံးပြုလျက်ရှိပြီး စီမံခန့်ခွဲခွင့် အခွင့်အာဏာကိုလည်း ဝန်ကြီးဌာနအလိုက်၊ သက်ဆိုင်ရာဥပဒေများဖြင့် စီမံခန့်ခွဲလျက်ရှိကြောင်း တွေ့ရှိရပါသည်။
(ခ-၁) လယ်ယာမြေဆိုင်ရာအုပ်စု
မြေမျိုး စီမံခန့်ခွဲလျက်ရှိသည့်ဝန်ကြီးဌာန စီမံခန့်ခွဲနေသည့်ဥပဒေ
၁။ လယ် လယ်ယာမြေဥပဒေ
၂။ ယာ
၃။ ကိုင်း/ကျွန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
၄။ ဥယျာဉ် ဆည်မြောင်းဝန်ကြီးဌာန
၅။ ဓနိ
၆။ တောင်ယာ
(ခ-၂) သစ်တော၊ သစ်ပင်ဖုံးလွှမ်းမြေဆိုင်ရာအုပ်စု
မြေမျိုး စီမံခန့်ခွဲလျက်ရှိသည့်ဝန်ကြီးဌာန စီမံခန့်ခွဲနေသည့်ဥပဒေ
၇။ တောရိုင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် မြေလွတ်၊မြေလပ်နှင့်
၈။ မြေရိုင်း ဆည်မြောင်းဝန်ကြီးဌာန မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ
၉။ သစ်တော သယံဇာတနှင့်သဘာဝ သစ်တောဥပဒေ
ကြိုးဝိုင်းမြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ခ-၃) အခြားမြေမျိုးဆိုင်ရာအုပ်စု
မြေမျိုး စီမံခန့်ခွဲလျက်ရှိသည့် ဝန်ကြီးဌာန စီမံခန့်ခွဲနေသည့်ဥပဒေ
၁ဝ။ သတ္တုတွင်းမြေ သယံဇာတနှင့်သဘာဝ မြန်မာ့သတ္တုတွင်းဥပဒေ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၁၁။ ကျွဲနွားစားကျက်မြေ ပြည်ထဲရေးဝန်ကြီးဌာန မြေခွန်လက်စွဲဥပဒေ
၁၂။ မီးရထားမြေ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၁၃။ လမ်းမြေ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းမကြီးများဥပဒေ
၁၄။ ဆည်မြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဥပဒေ
ကန်၊ တာမံမြေ ဆည်မြောင်းဝန်ကြီးဌာန
၁၅။ မြစ်ချောင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ရေအရင်းအမြစ်နှင့် ရေအောက်မြေ ဝန်ကြီးဌာန မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
၁၆။ အင်းအိုင်စသည့်မြေ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေချိုငါးလုပ်ငန်းဥပဒေ
ဆည်မြောင်းဝန်ကြီးဌာန
၁၇။ စက်ရုံမြေ သက်ဆိုင်ရာဝန်ကြီးဌာန သက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ
၁၈။ မြို့မြေ ပြည်ထဲရေးဝန်ကြီးဌာန မြို့နှင့်ကျေးရွာများဥပဒေ
စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့ဥပဒေ
(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)
၁၉။ ရွာမြေ ပြည်ထဲရေးဝန်ကြီးဌာန မြို့နှင့်ကျေးရွာများဥပဒေ
၂ဝ။ လေယာဉ်ပျံကွင်းမြေ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး မြန်မာအမျိုးသား
ဝန်ကြီးဌာန လေကြောင်းဥပဒေ
၂၁။ သာသနာ/ ပြည်ထဲရေးဝန်ကြီးဌာန သက်ဆိုင်ရာမြေစီမံ
သုဿန်၊ အခြား သာသနာရေးဝန်ကြီးဌာန ခန့်ခွဲမှုဆိုင်ရာဥပဒေ
အဆောက်အအုံမြေ စည်ပင်သာယာရေးကော်မတီ
၂၂။ အမျိုးအစားခွဲခြားခြင်း ပြည်ထဲရေးဝန်ကြီးဌာန
မပြုနိုင်သည့်မြေ
မှတ်ချက်။ ဝန်ကြီးဌာနများ အမည်ပြောင်းလဲခြင်းနှင့် သက်ဆိုင်ရာဥပဒေများပြင်ဆင်ခြင်းများရှိသည့် အတွက် ကွဲလွဲမှုများရှိနိုင်ပါသည်။
စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ရှိရခြင်း
မည်သည့် မြေယာစီမံခန့်ခွဲမှု၌မဆို အမိန့်တစ်ရပ်လိုအပ်ပါသည်။ အမိန့်တစ်ရပ်မရှိဘဲ မည်သည့်စီမံခန့်ခွဲမှုကိုမျှ မလုပ်သင့်ပါ။ အဆိုပါ ထုတ်ပြန်ထားသော အမိန့်သည်လည်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ဖြစ်ရပါမည်။ စီမံခန့်ခွဲခွင့်မရှိသော ဝန်ကြီးဌာနက ထုတ်ပြန်သောအမိန့်သည် စီမံခန့်ခွဲမှုနယ်ပယ်တွင် တရားဝင်မှု မမြောက်ပါကြောင်း သတိပြုသင့်ပါသည်။ အဆိုပါထုတ်ပြန်သော အမိန့်သည်လည်း ရုံးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်းရှိရပါမည်။ မြေတည်ရာ၊ မြေမျိုး၊ ကိုးကားဥပဒေ၊ ရည်ညွှန်း အစည်းအဝေးဆုံးဖြတ်ချက် စသည်တို့ သည်လည်း မှန်ကန်မှုရှိရပါမည်။
ထုတ်ပြန်သော အမိန့်ပါမြေတည်နေရာကို ပိုင်းခြားသတ်မှတ်ရန် လိုအပ်ခြင်း
ထုတ်ပြန်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာန အမိန့်တစ်ရပ်ထုတ်ပြန်၍ မြေယာစီမံခန့်ခွဲမှုတစ်ရပ် ဆောင်ရွက် ရာတွင် ထိုအမိန့်ပါမြေတည်နေရာကို ပိုင်းခြားသတ်မှတ်ဆောင်ရွက်ရန် (ီနာမေခအေငသည)လိုအပ်ပါသည်။ မြေယာ စီမံခန့်ခွဲမှုအာဏာသည် ထုတ်ပြန်ခဲ့သော အမိန့်ပါမြေတည်နေရာ အတိအကျပေါ်၌သာ သက်ရောက်မှုရှိရပါသည်။ မသက်ဆိုင်သော မြေနေရာများကို အာဏာသက်ရောက်မှု မရှိရပါ။ မသက်ဆိုင်သော မြေနေရာများကိုပါ ကျူးလွန် သက်ရောက်မှုရှိနေပါက အဆိုပါမြေယာစီမံခန့်ခွဲမှုသည် မမှန်ကန်သော စီမံခန့်ခွဲမှုသာဖြစ်ပါသည်။
လက်ရောက်ရယူမှု လိုအပ်ခြင်း
ထုတ်ပြန်ခွင့် အခွင့်အာဏာရှိသော ဝန်ကြီးဌာနက အမိန့်တစ်ရပ်ထုတ်ပြန်ဆောင်ရွက်ခဲ့သော်လည်း ထိုအမိန့်ပါ အတိုင်း လက်ရောက်ရယူမှုမရှိခဲ့လျှင် ပြည့်စုံသောမြေယာစီမံခန့်ခွဲမှုတစ်ရပ်အဖြစ် သတ်မှတ်၍မရပါ။ မြေယာစီမံခန့်ခွဲမှု တိုင်းတွင် အမိန့်ပါအတိုင်း လက်ရောက်ရယူမှုရှိရပါသည်။ သို့ဖြစ်ပါ၍ လက်ရောက်ရယူမှုဖြစ်စဉ်ကို သတိပြုကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုအခြေခံသဘောတရားအရ ထုတ်ပြန်သော အမိန့်တိုင်းတွင် အကောင်အထည်ဖော် ရမည့်ကာလ၊ ပြီးစီးရမည့်ကာလ စသည်ဖြင့် ဖော်ပြလေ့ရှိပါသည်။
မည်သည့်မြေယာစီမံခန့်ခွဲမှုတိုင်း၌မဆို အထက်ဖော်ပြပါ အချက်များနှင့် ကင်းလွတ်၍မရပါ။ အတိတ် ကာလတွင် မြေတစ်ရပ်ကို အမိန့်တစ်ရပ်ထုတ်ပြန်၍ စီမံခန့်ခွဲရမည့်အစား နှုတ်မိန့်ဖြင့် လက်ညှိုးထိုးဆောင်ရွက်သည့် အတွက် မှားယွင်းခဲ့မှုများရှိခဲ့ကြောင်း တွေ့ရပါသည်။ အမိန့်ထုတ်ပြန်ခဲ့မည်ဆိုလျှင်လည်း အမှားအယွင်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုသို့သောအမှားများကြောင့် တိုင်းသူပြည်သားများ ဒုက္ခပင်လယ်ဝေခဲ့ရပါသည်။ နောက်နောင်ကာလများတွင် ပြည်သူပြည်သားများအား ထိုသို့သော ဒုက္ခဆိုးများ မခံစားစေသင့်တော့ပါ။ သို့ဖြစ်ပါ၍ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်သော အခြေခံသဘောတရားများကို အသိပေးတင်ပြလိုက်ပါသည်ခင်ဗျား။
မြေကြေးမောင်
Credit
မူရင်းလင့်
https://www.moi.gov.mm/npe/?q=article/29/05/2016/id-42696
***************************************************************
ဥပဒေ သို့မဟုတ် အမိန့်တစ်ရပ်ရပ် ထုတ်ပြန်ထားသော်လည်း အလုပ်မဖြစ်လျှင် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းသာဖြစ်ကြောင်း မြေကြေးမောင် ဆောင်းပါး
ကိုဖတ်၍သဘောပေါက်မိနိုင်သည်။
ဤကားကျွန်ုပ်၏အမြင်သာဖြစ်သည်
*********************************
မျှဝေသူ
လှိုင်ဘွား(လယ်ယာမြေ)
0 comments:
Post a Comment