#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်ယာမြေအငြင်းပွားပြဿနာများ

Friday, March 27, 2020

 လယ်ယာမြေအငြင်းပွားပြဿနာများ

မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့ရွာများတွင် သက်ဆိုင်ရာမြေစာရင်းဦးစီဌာနတွင် ဥယျာဉ်ခြံမြေဟု အမည်ပေါက်နေ ပါလျက် နှစ်ပေါင်းများစွာ လူနေမြို့ရွာများအဖြစ် အတည်တကျ နေထိုင်လျှက်ရှိကြသည့် မြေအမျိုးအစားမှာ အများအပြားရှိကြသည်။ အဆိုပါ မြေအမျိုးစားနှင့်စပ်လျဉ်းသော တရားမမှုများတွင် လယ်ယာမြေ ဟုတ်မဟုတ် လယ်မြေတွင် အကျုံးဝင်မဝင် အငြင်းပွားပြဿနာပေါ်ပေါက်သည်။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြု လုပ်ရေးအက်ဥပဒေပုဒ်မ ၃ (ခ) တွင် လယ်ယာမြေဆိုသည်မှာ
နိုင်ငံတော်က အလိုရှိသည့်အတိုင်း သုံးစွဲနိုင် သည့် လယ်ယာမြေလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်ယာ ကိုင်း ကျွန်း ဥယျာဉ်စိုက်ပျိုးမှု သို့တည်းမဟုတ် လယ်ယာ၊ ကိုင်းကျွန်းဖြင့် အသက်မွေးမှုကိစ္စများအတွက်ဖြစ်စေ၊ ယင်းသို့ စိုက်ပျိုးမှုနှင့် အသက်မွေးမှု၏ အသက်မွေးမှု၏ အထောက်အပံ့ဖြစ်သော အမှုကိုများအတွက်ဖြစ်စေ လက်ရှိထားသည့် သို့တည်းမဟုတ် သာမန်လုပ်ကိုင်သည့် သို့တည်းမဟုတ် အငှားချထား ပြီးဖြစ်သည့် မြေကို ဆိုလိုသည့်အပြင် ထိုစကားရပ်တွင် ထိုမြေပေါ်ရှိလူနေအိမ်များနှင့် အခြားအဆောက်အအုံများ တည်ရာမြေများလည်း ပါဝင်သည်။
သို့ရာတွင် မြို့ရွာအတွင်းတည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့်မြေမပါဝင်ချေဟု ဖော်ပြထား သည်။ ပုဒ်မ ၃(ခ) ခြွင်းချက်ပါ “သို့ရာတွင် မြို့ရွာအတွင်းတည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ချေ” ဆိုသည့်အဓိပ္ပာယ် ရှင်းလင်းချက်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် ပြဿနာပေါ်ပေါက်သည်။
ထို့ပြင် ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၆တွင် တည်ဆဲအခြားတရားဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ လျော်ကြေးကို မည်သူရထိုက်သည်ဟူသော ပြဿနာနှင့် စပ်လျဉ်း၍ အငြင်းပွားသော မှုခင်းကိစ္စများမှ တစ်ပါး အက်ဥပဒေပါ မည်သည့်အခြားကိစ္စကိုမှ တရားမရုံးက စီရင်ပိုင်ခွင့်အာဏာမရှိစေရဟု ပြဋ္ဌာန်းထားသည်။ အဆိုပါ ဥပဒေပုဒ်မ ၃၆ ပြဋ္ဌာန်းချက်ပါ ထိုအက်ဥပဒေပါ မည်သည့် အခြားကိစ္စကိုမျှ တရား မရုံးက စီရင်ပိုင်ခွင့်အာဏာမရှိစေရဆိုသည့် တားမြစ်ချက်တွင် လယ်ယာမြေနှင့် ပက်သက်သော တရားမမူခင်း တိုင်း အကျုံးဝင်ခြင်းရှိ မရှိ ဆုံးဖြတ်ရန် လယ်ယာမြေနှင့် ပက်သက်သော တရားမမှုခင်းတိုင်း အကျုံးဝင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်ပြဿနာလည်း ပေါ်ပေါက်သည်။
တရားရုံးများ၏ စီရင်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ တွင် တရားရုံးများသည် အတိအလင်း ဖြစ်စေ၊ သဘောအားဖြင့်ဖြစ်စေ၊ ပိတ်ပင်ထားခြင်းမရှိသော တရားမကြောင်းဆိုင်ရာ အမှုများကို စစ်ဆေးစီရင် နိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ၁၉၃၅ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၆ ပါတားဖြစ်ချက်နှင့် အကျုံးဝင်သော တရားမမှုများကို တရားရုံးများက စီရင်ပိုင်ခွင့်မရှိပေ။
၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၆ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းလျှင် စီရင်ပိုင် ခွင့်မရှိဘဲ ချမှတ်သော ဒီကရီဖြစ်သဖြင့် ဒီကရီမှာ ပျက်ပြယ်သည်။ အတည်ပြု၍ မရပေ။ ( ဦးဘဧနှင့် ဦးမြိုင် ၁၉၆၇ ၊ မတစ ၄၃၀)
သို့ဖြစ်၍ လယ်ယာမြေ ဥယျာဉ်ခြံမြေနှင့်စပ်လျဉ်းသော တရားမမှုခင်းများတွင် လယ်ယာမြေ ဟုတ်မဟုတ် ၊ လယ်ယာမြေတွင် အကျုံးဝင၊်မဝင်အငြင်းပွားပြဿနာပေါ်ပေါက်လျှင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြု လုပ်ရေး အက်ဥပဒေပုဒ်မ ၃ (ခ) ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုဒ်မ ၃၆ ပါ တရားမရုံးစီရင်ပိုင်ခွင့် ကန့်သတ်ချက် တို့ကိုလည်းကောင်း ၊ လယ်ယာမြေတွင် အကျုးံဝင်စေကာမူ မည်သို့သော တရားမမှုများတွင် တရားမရုံးစီရင် ပိုင်ခွင့်က ပိတ်ပင်ထားခြင်းမရှိကြောင်းကိုလည်းကောင်း ပြည့်စုံစွာသက်သေခံချက်များကို ရယူ၍ လမ်းညွှန်စီရင် ထုံးများကိုလည်း လေ့လာလိုက်နာ ဆုံးဖြတ်ရန်လိုအပ်သည်။ စီရင်ထုံးတစ်ရပ်သည် သက်ဆိုင်ရာအမှုတွင် ပေါ်ပေါက်သောဖြစ်ရပ် အတွက်သာ အဖြေဖြစ်သည်။ သို့ရာတွင် အကျိုးအကြောင်းပြကာဆုံးဖြတ်ထားသာ စီရင်ထုံးများကို လေ့လာခြင်းဖြင့်ဆိုင်ရာအမှုတွင် ဆင်ခြင်သုံးသပ်နိုင်မည်ဟု မျှော်လင့်ပါသည်။
[စာညွှန်း- ဦးတင်ဟုန်(တရားလွှတ်တော်တရားသူကြီး)၊ အကြောင်းပြထုချေခွင့်ပေးပါနှင့် တရားဥပဒေရေးရာ ဆောင်းပါးများ၊၂၀၁၅၊ပထမအကြိမ် ၊ စာ ၆၁၊ ၆၂ ] DVBlawlab

0 comments:

Post a Comment