"""လယ်စီအဖွဲ့ အား""" ဥပဒေနှင့်မညီလျှင်"""
*********** တရားစွဲနိုင်ပြီ *************
ဖေဖော်ဝါရီ ၁၄ ရက်က ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂) ဖြစ်သော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။
*********** တရားစွဲနိုင်ပြီ *************
ဖေဖော်ဝါရီ ၁၄ ရက်က ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂) ဖြစ်သော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။
ထို့ကြောင့် ယခင် လယ်ယာမြေဥပဒေ ပုဒ်မ ၄၀ အရ "လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သဘောရိုးနှင့် ဆောင်ရွက်လျှင် တရားစွဲဆိုခွင့်မရှိ" ဆိုသည်ကို ယခု လယ်ယာမြေ
ဥပဒေပြင်ဆင်ချက်တွင် ပယ်ဖျက်လိုက်ပြီဖြစ်ပါသည်။
ဥပဒေပြင်ဆင်ချက်တွင် ပယ်ဖျက်လိုက်ပြီဖြစ်ပါသည်။
လယ်ယာမြေနှင့်ပတ်သက်၍ ဥပဒေနှင့်မညီညွတ်လျှင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို
ဖြစ်စေ၊ တောင်သူကိုဖြစ်စေ အရေးယူမည်ဖြစ်သဖြင့် သတိပြုဆောင်ရွက်ရန် လိုအပ်ပါသည်။
ဖြစ်စေ၊ တောင်သူကိုဖြစ်စေ အရေးယူမည်ဖြစ်သဖြင့် သတိပြုဆောင်ရွက်ရန် လိုအပ်ပါသည်။
ယခင်က လယ်ယာမြေဥပဒေပုဒ်မ ၄၀ မှာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များကို
"သဘောရိုး"ဟူသော စကားရပ်နှင့် အကာအကွယ်ပေးထားပါသည်။ ယခု - ပုဒ်မ ၄၀ ကိုပယ်ဖျက်လိုက်သည့်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဖြစ်ဖြစ်၊ တောင်သူဖြစ်ဖြစ် မည်သူမဆိုဥပဒေနှင့်အညီ ဖြစ်ရမည်ဟု ဆိုလိုသည်။
"သဘောရိုး"ဟူသော စကားရပ်နှင့် အကာအကွယ်ပေးထားပါသည်။ ယခု - ပုဒ်မ ၄၀ ကိုပယ်ဖျက်လိုက်သည့်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဖြစ်ဖြစ်၊ တောင်သူဖြစ်ဖြစ် မည်သူမဆိုဥပဒေနှင့်အညီ ဖြစ်ရမည်ဟု ဆိုလိုသည်။
ထို့ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းမှအစ မြေယာ မှုခင်း ဖွင့််လှစ်စစ်ဆေးဆုံးဖြတ်ခြင်း ကိစ္စရပ်များမှာ မည်သူမဆိုဥပဒေနှင့်အညီ လိုက်နာကျင့်သုံးဖို့၊ ပွင့်လင်းမြင်သာရှိဖို့နှင့် ဥပဒေကပြဆိုသော လုပ်ထုံးလုပ်နည်း
ညွှန်ကြားချက်များကို ကျေညက်နေရန် လိုအပ်လာပြီဖြစ်ပါသည်။
ညွှန်ကြားချက်များကို ကျေညက်နေရန် လိုအပ်လာပြီဖြစ်ပါသည်။
တောင်သူလယ်သမားများကလည်း ဥပဒေများနှင့်အညီ လယ်ယာမြေကို လုပ်ကိုင်ရ မည်ဖြစ်သလို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များကလည်း ဥပဒေ၊ ညွှန်ကြားချက်ကို အလေးမထား၊မိမိတို့သဘောဆန္ဒအလျောက် တရားမျှတမှုမရှိ၊ မရိုးမဖြောင့်သော နည်းလမ်းဖြင့် အဂတိလိုက်စားခဲ့လျှင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရ
နိုင်ပြီ ဖြစ်သည်။
နိုင်ပြီ ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥဒေများနှင့်အညီ စီမံဆောင်ရွက်ရသော လယ်
ယာမြေစီမံခန့်ခွဲရေးအဖွဲ့ (လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့) အဆင့်ဆင့်အနက် ရပ်ကွက်(သို့) ကျေးရွာအုပ်စုနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်် ဥပဒေအရ အသစ်ပြန်လည်ဖွဲ့စည်းရတော့မည် ဖြစ်ပါသည်။

ယခင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ရပ်ကွက်
(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာ အုပ်စု တာဝန်ကျမြေတိုင်းစာရေးက အတွင်းရေးမှူး၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စု စာရေးဝန်ထမ်းက အဖွဲ့ဝင်ရပ်မိရပ်ဖတစ်ဦးက အဖွဲ့ဝင်၊ တောင်သူလယ်သမား ကိုယ်စားလှယ် တစ်ဦးက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ယခင်မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှူးက အတွင်းရေးမှူး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက
အဖွဲ့ဝင်၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူးက အဖွဲ့ဝင်၊ မြို့နယ် တိ-မွေး-ကု ဦးစီးဌာနမှူးက အဖွဲ့ဝင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးက အဖွဲ့ဝင်၊ မြို့နယ်သစ်တော ဦးစီး ဌာနမှူးက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းခဲ့သည်။

ယခု ရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၏နောက်တွင် ယခုအခါ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ကိုဖြည့်စွက်လိုက် သဖြင့် ရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်
လယ်ယာမြေ စီမံခန့်ခွဲမှုတို့၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစသွားပါမည်။
လယ်ယာမြေ စီမံခန့်ခွဲမှုတို့၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစသွားပါမည်။
အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စုက ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စု မြေတိုင်းစာရေးက အတွင်းရေးမှူး၊ သက်ဆိုင်ရာရပ်ကွက် (သို့) ကျေးရွာ အုပ်စုစာရေးဝန်ထမ်းက အဖွဲ့ဝင်၊ ရပ်မိရပ်ဖနှစ်ဦးက အဖွဲ့ဝင်၊ တောင်သူလယ်သမား ကိုယ်စားလှယ် သုံးဦးက အဖွဲ့ဝင်ဖြစ်သည်။
ထို့ပြင် ယခု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးကအတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက
အဖွဲ့ဝင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှူးက အဖွဲ့ဝင်၊ မြို့နယ် တိ-မွေး-ကု ဦးစီးဌာနမှူးက အဖွဲ့ဝင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးက အဖွဲ့ဝင်၊ မြို့နယ် သစ်တော ဦးစီးဌာနမှူးက အဖွဲ့ဝင်၊ ရပ်မိရပ်ဖတစ်ဦးက အဖွဲ့ဝင်၊ တောင်သူလယ်သမားကိုယ်စား
လှယ်ငါးဦးက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းရမည်ဖြစ်သည်။

ရပ်မိရပ်ဖနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များရပ်ကွက် (သို့) ကျေးရွာအုပ်စု နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့တွင် ပါဝင်ဖွဲ့စည်းရမည့် ရပ်မိရပ်ဖနှင့် တောင်သူ လယ်သမားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေး
ပါသည်။ ၄င်းတို့သည် ရပ်ရွာ၌ ရွာသူရွာသားများက ရိုသေလေးစား၍ ဩဇာတိက္ကမ ရှိသော ခုံသမာဓိလူကြီးဖြစ်သည့်အားလျော်စွာ အကျင့်စာရိတ္တ ကောင်းမွန်၍ ရိုးသား ဖြောင့်မတ်သူဖြစ်ရမည်။
ပါသည်။ ၄င်းတို့သည် ရပ်ရွာ၌ ရွာသူရွာသားများက ရိုသေလေးစား၍ ဩဇာတိက္ကမ ရှိသော ခုံသမာဓိလူကြီးဖြစ်သည့်အားလျော်စွာ အကျင့်စာရိတ္တ ကောင်းမွန်၍ ရိုးသား ဖြောင့်မတ်သူဖြစ်ရမည်။
တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားများအတွက် ကိုယ်စားပြု ဆောင်ရွက် နိုင်ကြသူများ ဖြစ်ရပါမည်။ အထူးသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ ကြားနာစစ်ဆေးဆုံးဖြတ်ရာတွင် ဘက်မလိုက်ဘဲ အဂတိတရား မလိုက်စားသောသူများဖြစ်ရန် လိုအပ်ပါသည်။
ထိုနည်းတူလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာများသည်လည်း လာဘ်ပေးလာဘ်ယူကိစ္စရပ်များ ကင်းရှင်းကာ အဂတိမလိုက်စားရန် အထူးလိုအပ် ပါသည်။
☑အေးဝင်းဦး (ဘူမိဗေဒ)
☑Sources: The Farmer Journal
☑Sources: The Farmer Journal
0 comments:
Post a Comment