#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်ယာမြေ နဲ့ပတ်သက်တဲ့ သီးသန့် ဝက်ဆိုက် တည်ထောင်ခြင်း

Friday, April 3, 2020

လယ်ယာမြေ နဲ့ပတ်သက်တဲ့ သီးသန့် ဝက်ဆိုက် တည်ထောင်ခြင်းနှင့် ဝက်ဆိုက် (website) အား မိမိတို့၏ ဖုန်းတွင်အလွယ်တကူအသုံးပြုနိုင်မည့် ဆော့ဝဲ (apk) ပြုလုပ်ပေးထားခြင်း


မင်္ဂလာပါမိတ်ဆွေများ
Lock Down လုပ်တဲ့  (၃) ရက်လောက်မှာ ကျနော် ဝက်ဆိုဒ် (website) တစ်ခုလုပ်ဖြစ်ခဲ့ပါတယ်။ အရင် website ခေတ်ဦးက Multiply.com ခေတ်စားတုံးက
ကျနော်ကြိုးစားလေ့လာခဲ့ပြီး နောက်ပိုင်း
multiply က free မရတော့တဲ့အခါ မသုံးဖြစ်တော့ပါဘူး...multiply ဘယ်လောက်ခေတ်စားခဲ့သလဲ blogger တွေအသိဆုံးပါ ကျနော့် website က yinkhutpann.multiply.com ပါ...

နောက်တော့ yinkhutpann.blogspot.com ဆက်လုပ်ပါသေးတယ်...အခု အဲဒီ website ကိုဖျက်ပြီး lalyar.blogspot.com ဆိုပြီး အစကနေအသစ်ပြန်လုပ်ထားပါတယ်။

အခုမှ ဘာဖြစ်လို့ website ပြန်အရူးထရသလဲဆိုတော့

facebook နဲ့ သူ့ရဲ့ group တွေ page တွေသုံးရတာ အားမရလို့ပါ....
အဓိက ကတော့ ကိုယ်လိုခြင်တဲ့ပုံစံကို edit လုပ် မရလို့ပါ...

website ကတော့ ကိုယ်တတ်ရင်တတ်သလောက် ကိုယ်လိုခြင်တဲ့ပုံစံကို လုပ်ယူလို့ရပါတယ်...

ဥပမာ ခေါင်းစဥ်အလိုက် ကိုယ်အလိုရှိတဲ့ ကိုယ်ရှာခြင်တဲ့ဟာကို အလွယ်တကူရှာလို့ရအောင်လုပ်တာမျိုး စိတ်ကြိုက် လိုသလို စိတ်ကူးထဲရှိသလို လုပ်ခြင်တာလုပ်လို့ရပါတယ်...ပြောရရင်တော့ ...website ဆိုတာ နည်းပညာသမားတို့ ကျက်စားရာ
ပင်လယ်ကြီးတစ်ခုသဖွယ်ပါပဲ...

lalyar.blogspot.com ကို
အဓိကလုပ်ရတဲ့ရည်ရွယ်ချက်ကတော့
လယ်ယာမြေပြဿနာအရပ်ရပ်ကို ရင်ဆိုင်နေကြရတဲ့ ကျနော့  မိတ်ဆွေများနဲ့
နိုင်ငံသားအားလုံးကို အကျိုးပြုဖို့ရည်ရွယ်ပါတယ်...

ဝက်ဆိုက် (website) ကိုခေတ်နဲ့အညီ ဖုန်းပေါ်မှာ အင်စတော install လုပ်ထားရုံနဲ့ အလွယ်တကူသုံးနိုင်အောင်...သိခြင်တာရှိရင် အလွယ်တကူ ရှာဖွေနိုင်အောင် apk software ဆော့ဝဲလေးလုပ်ပေးထားတာပါ...

အသုံးပြုချိန်မှာ အင်တာနက် internet တော့ဖွင့်ထားရပါမယ်...offline apk ကိုမကြိုက်လို့ web to apk လုပ်ထားပေးတာပါ...

လယ်ယာမြေ ဥပဒေ တွေကိုပဲဖတ်ခြင်ရင် လယ်ယာမြေ ဥပဒေ ခေါင်းစဉ်အောက်မှာ လယ်​ယာမြေဥပဒေတွေချည်း သီးသန့်တွေ့နိုင်ပါတယ်...

ညွှန်ကြာချက်များဆိုရင်လည်း သူ့ခေါင်းစဉ်နဲ့သူ့အောက်မှာ...အားလုံးကို ခေါင်းစဉ်အလိုက် စုစည်းပေးထားတာမျိုးပါ။

လယ်ယာမြေပြဿနာရင်ဆိုင်နေရသူတင်မဟုတ်ပဲ လူဆိုတာ မွေးရာကနေ ​သေသည်အထိ မြေနဲ့ပတ်သက်နေရသည်မို့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ဖုန်းထဲမှာ အင်စတော install လုပ်ထားသင့်ပါတယ်....

အခြား offline apk တွေလို ဖုန်းထဲကို ဒေါင်းလုပ်ဆွဲယူပြီးသိမ်းတာမျိုးမဟုတ်ပဲ
website link လေးကို ဆော့ဝဲ လုပ်ထားရုံလေးမျှသာဖြစ်လို့ ဖုန်းလေးခြင်း၊ အင်တာနက်ဒေတာစားခြင်းလုံးဝမရှိပါဘူး။

ဆော့ဝဲ software ကိုအင်စတော install လုပ်ထားရုံနဲ့ ကိုယ်ကြည့်ခြင်တဲ့အချိန် အင်တာနက်လေးဖွင့်ကြည်ရုံပါပဲ...

ကျနော်အတတ်နိုင်ဆုံးကြိုးစားထားပါတယ်...အိမ်မှာနားရက်လေးမှာ လုပ်ရတာမို့ လိုအပ်ချက်တွေကို  ကွန်မန့် comment မှာဖြစ်စေ၊ ဘလော့ blog ရဲ့ ချက်ဘောက် chat box မှာဖြစ်စေ အကြံပေးခဲ့နိုင်ပါတယ်။

လယ်ယာမြေ ဆော့ဝဲ software apk လေးကို
အောက်မှာပေးထားတဲ့ လင့်တွေကနေ
နှစ်သက်ရာလင့် link မှ ဒေါင်းလုပ် download ဆွဲပြီး အသုံးပြုနိုင်ပါတယ်။

Mediafire link: 👇
👉  ဒီမှာ နှိပ်ပြီးယူပါ


Degoo link:   👇
👉  ဒီမှာ နှိပ်ပြီးယူပါ




google drive link:👇
👉 ဒီမှာ နှိပ်ပြီးယူပါ


MEGA link:  👇

👉 ဒီမှာ နှိပ်ပြီးယူပါ
 ဒေါင်းလုပ်ဆွဲပြီးရင် အက်စတော install လုပ်ပေးပါ...ပါမစ်ရှင် permission တောင်းခဲ့ရင် ok  allow ပေးလိုက်ပါ....

ချစ်ခင်စွာဖြင့်

လှိုင်ဘွား (လယ်ယာမြေ)

1 comments:

Unknown said...

Down မရဘူး ဖြစ်နေတယ် ဆရာ ကူညီပါအုန်း

Post a Comment