#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေအမျိုးအစားများ

Friday, March 27, 2020

မြေအမျိုးအစားများ 


လိုနေတာတွေထပ်ဖြည့်ကြပါခင်ဗျ
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်
ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်

ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်။
အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေလဲ မြေပြန့်လား၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရပါတယ်...
မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....
၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။
၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM
၅။ မူရင်းလယ်မြေဆိုရင် M/MY
၆။ ချောင်းရေဝင် မြေဆိုရင် C
၇။ ယာမြေ ဆိုရင် Y
၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉။ တောင်ယာ မြေဆိုရင် TY/YY
၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY
၁၁။ ကိုင်းမြေရင့်ဆိုရင် KY
၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃။ ဓနိမြေဆိုရင် D
၁၄။ အပိုင်ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

0 comments:

Post a Comment