""ကျေးရွာမြေငှားဂရန်လျှောက်ထားခြင်း""
၁။ ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များမှ မြေငှားဂရန်လျှောက်ထားခွင့်ရှိကြောင်း သတ်မှတ်ထားပါသည် -
👉(က) အသက်(၁၈) နှစ်ပြည့်ပြီးသည့်နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊
👉(ခ) နိုင်ငံသားစိစစ်ရေးကဒ်ရှိသူ၊
👉(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) ရှိသူ၊
👉(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀) ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း(၁၂) နှစ် နေထိုင်မှုရှိသူ။
၂။ ကျေးရွာမြေဂရန်လျှောက်ထားရာ၌ ပါဝင်ရမည့် အချက်များ
👉(က) လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာ နှင့် အလုပ်အကိုင်၊
👉(ခ) လျှောက်ထားမြေတည်ရှိရာကျေးရွာ၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊
👉(ဂ) လျှောက်ထားမြေ၏ အလား(၄) ရပ်၊
👉(ဃ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံအမျိုးအစား၊ အရွယ်အစား။
၃။ ကျေးရွာမြေဂရန်လျှောက်ရာတွင် ပူးတွဲပါရှိရမည့် အချက်များ
👉(က) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ (၁၀၅/၁၀၆)၊
👉(ခ) အဆောက်အအုံဘေးမြင် / ရှေ့မြင်ဓာတ်ပုံ(၂) ပုံ၊
👉(ဂ) လျှောက်ထားမြေအားပိုင်ဆိုင်ကြောင်း အထောက်အထား၊
👉(ဃ) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
👉(င) မြေယာပိုင်ဆိုင်မှုအရှုပ်အရှင်းကင်းရှင်းကြောင်းကိုယ်တိုင်ဝန်ခံချက်
အထက်ဖော်ပြပါ အချက်များ ပြည့်စုံသောအခါတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ် ပါသည်။
ဆောင်ရွက်ပေးမည့် လုပ်ထုံးလုပ်နည်းများ
👉(က) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက (ယခင် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်) အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာနယ်နိမိတ်ဧရိယာအတွင်းရှိ နိုင်ငံတော် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကျေးရွာနယ်နိမိတ်ဧရိယာအတွင်းတည်ရှိပြီး လယ်ယာမြေဥပဒေပုဒ်မ ၃(က) ပါ လယ်ယာမြေတွင် အကျုံးမဝင်သည့် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေများကို စိစစ်၍ မြေငှားဂရန်ထုတ်ပေးပါသည်။
👉(ခ) မြေတည်ရှိရာ ကျေးရွာပါဝင်သည့် ကျေးရွာ အုပ်စုအတွင်းနေထိုင်မှုမရှိသူကို လူနေထိုင်ရန်အတွက် မြေငှားဂရန်ချခြင်းမပြုပါ။ စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီပွားရေး လုပ်ငန်းလုပ်ကိုင်ပါက အမှန်တကယ်လုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်နှင့် အညီ စက်မှုမြေငှားဂရန်ကိုသာထုတ်ပေး ပါသည်။
👉(ဂ) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားအဖြစ်သတ်မှတ်ခံရသူ၊ နိုင်ငံခြားသားဖြစ်သူအား မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ။
👉(ဃ) တရားမကြောင်းအရ သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့်မြေကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(င) ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသောမြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(စ) ဧရိယာအကျယ် (၂၀× ၆၀) ပေ ဧကအားဖြင့် (၀.၀၂၇၅) ဧကထက် လျော့နည်းသည့် မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ဆ) အနားလေးရပ်ခိုင်မာမှုမရှိသည့် ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ဇ) ဝင်လမ်းထွက်လမ်းမရှိသည့် မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ဈ) အဆောက်အအုံဆောက်လုပ်အသုံးပြုထားခြင်း မရှိသောမြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ည) မြစ်၊ ချောင်း နှင့် ရေကန်များကို ကျောခိုင်းဆောက်လုပ်ထားသည့် အဆောက်အအုံမြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ဋ) မီးရထားလမ်း၊ ကားလမ်းနယ်နိမိတ်ဧရိယာအတွင်းရှိမြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ဌ) မဟာဓာတ်အားလိုင်းအတွင်း ကျရောက်လျက်ရှိသော မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
👉(ဍ) မြေငှားဂရန်ထုတ်ပေးရန် မသင့်ကြောင်း သက်ဆိုင်ရာဌာနတစ်ခုခုမှ ဥပဒေနှင့်အညီကန့်ကွက်/ တားမြစ်ထားသည့် မြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ။
crd fb
လှိုင်ဘွား(လယ်ယာမြေ)
လှိုင်ဘွား(လယ်ယာမြေ)
0 comments:
Post a Comment