#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

၂၀၁၃က ထုတ်ခဲ့တဲ့ သိမ်းဆည်းမြေများအပေါ်ပြန်လည်စွန့်လွှတ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းဆိုတာ

Friday, March 27, 2020

၂၀၁၃က ထုတ်ခဲ့တဲ့ သိမ်းဆည်းမြေများအပေါ်
ပြန်လည်စွန့်လွှတ်ခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းဆိုတာ


က။ ပြည်ထဲရေးက စာထုတ်ပြီးသိမ်းခဲ့တာ

ခ။၁၉၅၃ ရဲ့လန ၃၉ နဲ့ ၂၀၁၂ လယ ၂၉၊၃၀
    နဲ့ အခြားနည်းပေးခဲ့တာ

ဂ။မြေစာရင်းပုံစံ ၁၀၅ နဲ့မြေသိမ်းခဲ့တာ

ဒီ ၃မျိုး နဲ့သိမ်းခဲ့ပြီး ပြန်လည်စွန့်ခဲ့လွှတ်ရင် .......
****************************************

၁။ စွန့်တဲ့မြေကို ပြည်ထောင်စုအစိုးရကိုတင်ပြ

၂။သဘောတူရင် နေပြည်တော်ကောင်စီ/တိုင်း/ပြည်နယ်အစိုးရ သို့စိစစ်ရန်အကြောင်းကြား

၃။နေပြည်တော်ကောင်စီ/တိုင်း/ပြည်နယ် လယ်စီ သို့စိစစ်ရန်အကြောင်းကြား

၄။ရပ်ကျေးအထိအောက်လယ်စီအဆင့်များကိုစိစစ်တင်ပြရန်အကြောင်းကြား

၅။အောက်ခြေလယ်စီကစိစစ်ပြီး အရင်ခွင့်ပြုချက်တွေ ပယ်ဖျက် သို့မဟုတ် ပြင်ဆင်နိုင်ရန်  နေပြည်တော်ကောင်စီ/တိုင်း/ပြည်နယ်အစိုးရကို ပြန်တင်ပြ

၆။ နေပြည်တော်ကောင်စီ/တိုင်း/ပြည်နယ်အစိုးရက ပယ်ဖျက် သို့မဟုတ် ပြင်ဆင်တာတွေ ခွင့်ပြုခြင်းများဆောင်ရွက်

၇။ နေပြည်တော်ကောင်စီ/တိုင်း/ပြည်နယ်အစိုးရကခွင့်ပြုချက်ရရင် 

နေပြည်တော်ကောင်စီ/တိုင်း/ပြည်နယ် လယ်စီတွေက အောက်ခြေအဆင့်ဆင့် လယ်စီတွေကတဆင့် 
ယခင်လုပ်ကိုင်ခဲ့တဲ့
သက်ဆိုင်သူတွေကိုပြန်ပေးဖို့လုပ်

သက်ဆိုင်သူများကလည်း
၂၀၁၂ လယ်ယာမြေဥပဒေနဲ့အညီ ရပ်/ကျေး
လယ်စီမှာပြန်လျှောက်

၈။အတည်ပြုပြီးရင် မြို့နယ်လယ်စီက လယ်ယာမြေလုပ်ပိုင်ခွင့်ထုတ်ပေး

၉။ပြန်လည်စွန့်လွှတ်မြေကို ဝန်ကြီးဌာန/ဌာနဆိုင်ရာ/ကုမ္ပဏီ/ပုဂ္ဂလိကလုပ်ငန်းရှင်ကိုယ်စားတာဝန်ရှိသူတစ်ဦးမှပြန်လည်အပ်နှံရမည်ဖြစ်ပြီး
အစိုးရအဖွဲ့ကိုယ်စား
မြို့နယ်လယ်စီကလက်ခံရပါမည်။

သိမ်းဆည်းပြန်အပ်မြေများကို State Land ခေါ် နိုင်တော်ပိုင်မြေပြန် လုပ်ပြစ်ရမယ်လို့တော့မတွေ့မိပါခင်ဗျာ။
 (မူလပိုင်ရှင်ကို ပြန်ပေးရမယ်လို့လည်း အကြိမ်ကြိမ်အခါခါ နိုင်ငံတော်သမ္မတကိုယ်တိုင်ပြောနေပါတယ်)

မြေလွတ်/မြေလပ်/မြေရိုင်း နဲ့
အခြားမြေများအတွက်လည်း လိုရင်းတိုရှင်း
တင်ပေးပါအုံးမယ်။

လှိုင်ဘွား

0 comments:

Post a Comment