#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မိတ္တူ​ကူးရေးကူးခွင့်အကြောင်း

Thursday, March 26, 2020

မိတ္တူ​ကူးရေးကူးခွင့်အကြောင်း

ဘာမှမထူးခြားသေးလို့ ပြန်တင်ပေးလိုက်ပါတယ်
ပင်းနေသောနားများ၊ ကန်းနေသောမျက်လုံးများနှင့်
ဆွံ့အနေသောစကားများ ပွင့်စေသော်ဝ်

လူလုပ်ဥပဒေနှင့် လိုရာစွဲညွှန်ကြားချက်ကြောင့် တရားမျှတမှုနှင့် ကင်းကွာလျှက်ရှိသော တောင်သူလယ်သမားတို့ခံစားနေရသည့်မြေပြန်စစ်နှင့် မူလမြေယာမှုခင်းတို့တွင်  မိတ္တူရေးကူးခွင့်ရှိမရှိကိစ္စ

ကျေးရွာရပ်ကွက်အဆင့်မှသည် တိုင်းနှင့်ပြည်နယ်အဆင့်အထိ မတရားခံရသူသည် "မိုးကြိုးပစ်ခံရ"ဘိသကဲ့သို့ရှိသော်လည်း.....စာချွန်တော်ဟူသည့် "ထန်းလက်"ဖြင့်ကာ၍ အကျိုးမည်မျှရှိနိုင်ပါမည်နည်း...

ဇွဲရှိသူ၊ ငွေကြေးတတ်နိုင်သူ၊ လက်တံရှည်သူ၊ ဥပဒေအနည်းအကျဉ်းနားလည်သူသာ တစ်ထောင်မှာ တစ်ယောက် တစ်သိန်းမှာတစ်ယောက်လောက်အကျိုးရှိကောင်းရှိပေလိမ့်မည် အမှန်တရားနှင့်နီးစပ်ကောင်းနီးစပ်ပါလိမ့်မည်။

မြေယာနှင့်ပတ်သက်သည့်ပညာရှင်များအား လေးစားစွာဖြင့်အကြံပြုလိုပါသည်။အများအားဖြင့်လည်းအသက်အရွယ်ကြီးပြီး ဝန်ထမ်းကြီးများ အငြိမ်းစား ပင်စင်စားကြီးများဖြစ်၍လည်း ဂါရဝတရားဖြင့်ရိုသေစွာဖြင့်ပန်ကြားအပ်ပါသည်။
ပညာရှင်ပညာတတ်ဆိုသူအများစုသည်
တိုင်းပြည်အကျိုး အများအကျိုးထက် မိမိအကျိုး ဌာနအကျိုးကို ဦးထိပ်ပန်ဆင်လျှက် စာအုပ်ထဲက စကားရပ်များကို ကိုးကား၍ပြောလေ့ရှိသည်။

မှန်ပါသည်
သူရဲကောင်းတို့သည် လက်နက်ကင်း၍ စစ်မြေပြင်သို့မထွက်ရာ၊ ပညာရှိတို့မည်သည် ကျမ်းဂန်ကိုကင်း၍ စကားမဆိုရာဟု လောကနီတိတွင်ဖတ်ဘူးမှတ်ဘူးပါ၏။ သို့ပါသော်လည်း
စာအုပ်ထဲက အရာများသည်အမှန်တရားမဟုတ်သလို ဥပဒေဆိုတိုင်းလည်းမျှတမှုရှိသည်မဟုတ်ပါ။
တရားတော်များသည်ပင် ဘုရားရှင်မရှိတော့သည့်နောက်ပိုင်း ပေးခဲ့သည့်ပေတံများဖြင့် ဘုရားတကယ်ဟောခဲ့မဟောခဲ့၊ စိစစ်ရသည်သာ။
ရဟန္တာသည်ပင် အရဟံ ဂုဏ်သုံးပါးတွင် ဝါသနာမပယ်၍ တစ်ပါးမထိုက်သည်ကို သတိပြုဖွယ်ဖြစ်ပါ၏။

ကြီးသူများသည် ငယ်သူများအား 
အထင်သေးတတ်ပါ၏။
ပညာရှိသူများသည် ပညာသင်ယူသူများအား အထင်သေးတတ်ပါ၏။
ချမ်းသာကြွယ်ဝလျှင် သူဆင်းရဲများအား
အထင်သေးတတ်ပါ၏။
အာဏာရှိသူများသည် အာဏာမဲ့သူများအား အထင်သေးတတ်ပါ၏။
ခွန်အားကြီးသူက ခွန်အားနည်းသူအား
အထင်သေးတတ်ပါ၏။

အတွေ့အကြုံနှင့် ပညာရှိလျှင်ကား
ဤဇဗ္ဗူတွင် ငါလိုလူရှာမှရှားဟုသွေးနားထင်ရောက်ကာ မိသားစုကို
ပင်အထင်သေးအမြင်သေးစတင်ဆက်ဆံလာပြီး တိုင်းပြည်အာဏာလိုခြင်သည်အထိ၊ ကမ္ဘာကြီးကိုသိမ်းပိုက်လိုသည်အထိ၊ ကိုယ့်ကိုကိုယ် ဘုရားဟုပင် ထင်မြင်လာတတ်သည်အထိ အစွန်းရောက်သွားတတ်၏။
ဆို့ခဲ့သည့်အတိုင်း ပုံပြင်တွင် ရာဇဝင်တွင် ဗုဒ္ဓဝင်တွင် တကယ်ရှိခဲ့၏။

ပြောခြင်သည့်စကားလိုရင်းမရောက်သေး
#ဆိုလိုသည်မှာ
မိတ္တူရေးကူးခွင့်ကို သက်သေခံဥပဒေနှင့်အကျုံးမဝင်ဟုဆို၏။
သက်သေကိုအကာအကွယ်ပေးရန်ဟုဆို၏။
ခုံသမာဓိဟု သုံးနှုန်း၏။
ထိုထိုသောအကြောင်းများကြောင့်
မိတ္တူရေးကူးခွင့်မပေးသင့်ဟုဆုံးဖြတ်၏။

ယနေ့ခေတ်စနစ်အရ လိုအပ်၍ ပေါ်ပေါက်လာခဲ့သော ပြည်သူအကျိုးပြုကူညီသူများ၊ အကတိတိုက်ဖျက်ရေးနှင့် နိုင်ငံရေးနည်းလမ်းအရ လွှတ်တော်ပြင်ပမှ အကူအညီပေးနေသူများ Paralegal နှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့များကို ရှေ့နေ၊ ပွဲစားများဟု သိမ်းကြုံးပြောခြင်ဟန်ရှိသည်။
မိတ္တူရေးကူးခွင့်အတွက် တောင်းဆိုသူမှန်သမျှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှလွဲ၍ ကျန်သူများအားလုံး သမာဓိမရှိ အကြံအဖန်များ
အမှုပွဲစားများသာဟု ဒဲ့ပြောနေသည်ကိုပင်တွေ့ရသည်။

၁။ 
သက်သေခံဥပဒေအကြုံးဝင်မဝင်သည်
လူတို့ပြု ထားသည့်ဥပဒေဖြစ်၍ လူတို့အတွက်အရေးပါမှုမပါမှုနှင့်သာဆိုင်သည်။
၂။
လယ်ယာမြေအငြင်းပွားမှုသည် တရားစီရင်ရေးသဘောဆောင်သည့်အမှုအခင်းမျိုးမဟုတ်ပဲ ခုံသမာဓိအဖြစ်ဖြေရှင်းဆောက်ရွက်ရသည့်ကိစ္စဟု ဖော်ပြထားရာ တရားဥပဒေအထက်တွင် ခုံသမာဓိရှိသေးသလောဟုမေးခွန်းထုတ်စရာဖြစ်၏။
၃။ 
သက်သေထွက်ဆိုချက်များအပေါ် အကာအကွယ်ပြုနိုင်ရန်အတွက်
လည်း‌ကောင်း ဟုဆိုရာတွင် အမှန်တရားပါကွယ်ပျောက်လေတော့၏။ မမှန်မကန်သက်သေထွက်ဆိုနိုင်ရန်တွန်းအားပေးသကဲ့သို့၊ ငွေကြေးတတ်နိုင်သူများဘက်မှ
လူသက်သေ၊ ဒြပ်ရှိ ဒြပ်မဲ့သက်သေများစနစ်တကျ တည်ဆောက်ကာ ပစ္စည်းမဲ့သူ အင်အားချိနဲ့သူကိုအနိုင်ယူတော့မည်မှာမလွဲဧကံဖြစ်ပါ၏။
၄။ 
မြေယာအငြင်းပွားမှုတိုင်း ရွာသားအချင်းချင်း၊ လယ်သမားအချင်းချင်း ချည်းသာ အမှုဖြစ်သည်မဟုတ်၊ ကုမ္ပဏီနှင့် ရွာသား၊ စစ်ဗိုလ်ချုပ်နှင့် ရွာသား၊ သူဌေးနှင့် ရွာသား၊ အုပ်ချုပ်ရေးမှုးအသိုင်းအဝိုင်းနှင့် ရွာသား၊ စသည့်အခြေအနေများက မြန်မာပြည်တစ်လွှား ပိုလို့ပင်များ၏။

ထို့ကြောင့် မြေယာအငြင်းပွားမှုကိစ္စရပ်အတွက် မိတ္တူရေးကူးခွင့်လို ကိစ္စငယ်အား
(ဆင် ငယ်ပါ အနာလုပ်၍) ဆင်သွားရာလမ်းဖြစ်မည့်အထက်ဖော်ပြပါ ကုမ္ပဏီပိုင်ရှင်၊ သူဌေးသူကြွယ်၊ စစ်ဗိုလ်ချုပ်၊ အပါအဝင် လက်ရှိအာဏာဆုပ်ကိုင်ထားသူအချို့တို့အားကာကွယ်လိုသောသဘောဖြင့် ရေးကူးခွင့်မပြုဟုသာယူဆစရာရှိပါတော့သည်။

အမှုရှုံး၍နစ်နာသူမှ
ရပ်ကျေး မြို့နယ် ခရိုင် တိုင်း/ပြည်နယ်
အဆင့်ဆင့်အယူခံဆိုရာတွင်လည်း
လက်တွေ့ သဘောအရ  အယူခံဝင်သူကို အမှန်အကန်ခေါ်ယူစစ်ဆေးမေးမြန်းခြင်းထက်၊ on table အနေဖြင့်သာ ဆုံးဖြတ်ကြပါသည်။ အယူခံဝင်သူမသိလိုက်ရသည်ကများပါသည်။
ငွေကြေးတတ်နိုင်သူ၊ အဆက်အသွယ်ကောင်းပြီး လက်တံရှည်သူများသာ အနိုင်ရကြပါသည်။ ဘယ်ညွှန်ချုပ် ဘယ်ဝန်ကြီး ဘယ်အရာရှိမှ ကိုယ်တိုင်လာဘ်မစားပါ။
စပွန်စာ၊ လူယုံများကယူကြပါသည်၊တာဝန်ကြေတတ်ကြပါသည်။

နှစ်နဲ့ချီအယူခံတက် ငွေကုန် လူပန်း မျက်ဖြူဆိုက်ပြီးကာမှ အမှုရှုံးသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံသို့ အယူခံဆက်တက်ရမည်ဆိုပါလျှင်၊ ကျနော်ဆိုပါက မတက်တော့ပါ 
လက်နက်ကောင်းကောင်းသာရှာပြီး ZZ  လုပ်လိုက်တော့မည်။

မြေယာအရေးတက်ကြွလှုပ်ရှားသူတိုင်း
ပွဲစားမဟုတ်ပါ။နိုင်ငံအရေးအသိ၊
လူမှုရေးအသိ၊ ကိုယ်ခြင်းစာတရားဖြင့်လုပ်ကိုင်နေသူများစွာရှိပါသည်။ပညာရှင်ဆရာသမားများအားအစဥ်လေးစားရိုသေလျှက်

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။

လှိုင်ဘွား

မြေယာမှုခင်းနှင့် မိတ္တူရေးကူးခွင့်ရှိမရှိ

https://www.thefarmermedia.com/news/14115

0 comments:

Post a Comment