#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ပုံစံ (၇) ထုတ်ပေးခြင်းဆိုင်ရာ ညွှန်ကြားချက်များ

Saturday, August 1, 2020

0 comments

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ပုံစံ (၇) ထုတ်ပေးခြင်းဆိုင်ရာ 
ညွှန်ကြားချက်များ

နိုင်ငံတော် သမ္မတရုံး၏ ဝက်ဘ်ဆိုက် မှ
သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အဖွဲ့အစည်း သို့မဟုတ် အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသား များအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိနိုင်ရေးကို ချောမွေ့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အများပြည်သူသိရှိစေရန် အသိပေး ကြေငြာအပ်ပါသည် ဟု
သမ္မတရုံး၏ ဝက်ဘ်ဆိုက်တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုံစံ (၇) လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်သောကြေညာချက်ကို တင်ပေးထားပြီး အဆင်ပြေမှုမရှိပါက တိုင်ကြားနိုင်ပါသည်ဟု ဖုန်းနံပါတ်နှင့်တကွအသိပေးကြေငြာထားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အလုပ်ဖြစ်ပါရဲ့လား။

ပုံစံ (၇) ရှိသူ နှင့် မရှိသူ ဘာကွာသလဲဆိုတာ

0 comments
ပုံစံ (၇) ရှိသူ နှင့် မရှိသူ

၂၀၂၀ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ပြီး နောက်ပိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ရှိသူနှင့် မရှိသူတို့ရဲ့ အခြေအနေတွေကို သုံးသပ်တင်ပြချင်ပါတယ်။

၁။ ပုံစံ ၇ ရှိသူအတွက်...
ပုံစံ ၇ ဆိုတာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ (ပုဒ်မ ၃။ (စ) အရ)
ပုံစံ ၇ ရှိရင် ဘာအခွင့်အရေးတွေ ရသလဲ ဆိုတော့
(၁) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ရာသီသီးနှံကို ပြောင်းလဲ စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ နဲ့ ဌာနဆိုင်ရာ စစ်ဆေးအရေးယူသတဲ့လား

0 comments
ကြာခဲ့ပြီ သို့သော် အလုပ်တကယ်ဖြစ်ပါရဲ့လား

ခုရက်ထဲ အစိုးရပြောင်းခါနီးဆိုတော့ လွှတ်တော်မှာအဆိုတင်ခဲ့ပြီး ကိစ္စတွေ
အလုပ်မဖြစ်သေးတာတွေ အပြုသဘောဆောင်တင်ပြပါမယ်...
ဝန်ကြီးဆိုတာက ဦးနှောက်
ဝန်ထမ်း ဆိုတာ ဗျူရိုကရေစီ ယန္တယားကြီးတစ်ခုလုံးရဲ့ ခြေတွေ လက်တွေ
ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မပေါ့ 
မလုပ်ရဲရင် မလုပ်တတ်ရင် မပီပြင်ရင် ဝန်ကြီးပြောင်းရုံသာ
သေဒဏ်ပေးခိုင်းနေတာမှမဟုတ်တာ

လယ်ယာမြေပြဿနာ ကြောင့်ဖြစ်စေ အခြားနစ်နာဆုံးရှုံးမှု တစ်ခုခုအတွက်ဖြစ်စေ လူအခွင့်အရေး သို့တိုင်ကြားရန် နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း

Wednesday, July 29, 2020

0 comments
လယ်ယာမြေပြဿနာ ကြောင့်ဖြစ်စေ၊ အခြားနစ်နာဆုံးရှုံးမှုတစ်ခုခုအတွက်ဖြစ်စေ လူတစ်ယောက်၏
အခွင့်အရေး သို့မဟုတ် ရပိုင်ခွင့်ဆုံးရှုံးရသည်ဟုယူဆပါက တိုင်ကြားနိုင်ရန်နှင့် ပြဌာန်းပြီးသော 
လူအခွင့်အရေးဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်များကို လေ့လာနိုငိစေရန် ဖော်ပြပေးလိုက်ပါသည်။ 
ဆက်သွယ်တိုင်ကြားရမည့် လိပ်စာမှာ



ဆက်သွယ်ရန်


ဖုန်း- ၀၁ ၆၅၄၆၈၄၊ ၀၁ ၆၅၄၆၈၁
ဖက်(စ်)-၀၁ ၆၅၄၆၈၄၊ ၀၁ ၆၅၄၆၈၃
email - info@mnhrc.org.mm
လိပ်စာ-အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖြစ်ပါသည်။ 

လူကိုယ်တိုင်လည်းသွားရောက်တိုင်ကြားနိုင်ပါသည်။

လေ့လာဖတ်ရှုကြပါ၊ ကျနော်တို့ကလမ်းပြပေးရုံပါ
ကိုယ်တိုင်လုပ်တတ်အောင် လုပ်နိုင်အောင်ကြိုးစားကြပါ
သူတစ်ပါးအပေါ် မှီခိုအားကိုးလွန်းခြင်းသည် အချိန်များစွာပေးရတတ်သလို ငွေကြေးကုန်ကျမှုရှိသည်၊
ကံမကောင်းလျှင် လူလိမ်ခံရနိုင်ပါသေးသည်။

မျှဝေသူ

လှိုင်ဘွား (လယ်ယာမြေ)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

(၇) အမွေဆိုင်လယ်ယာမြေကို မိမိနှစ်သက်ရာ သားသမီးတစ်ဦးတည်းကို ပေးကမ်းလို့ရသလား

Saturday, July 25, 2020

0 comments
အမွေဆိုင်လယ်ယာမြေကို မိမိနှစ်သက်ရာ သားသမီးတစ်ဦးတည်းကို ပေးကမ်းလို့ရသလား

DVB Law Lab နှင့် ဆရာဦးဇော်မင်း (နတ်မောက်) အမေး အဖြေ ကိုဗဟုသုတအလို့ငှာ
အများလေ့လာနိုင်စေရန် ကော်ပီလင့်တင်ပေးလိုက်ပါတယ်



(၅) မြေဂရန်သက်တမ်းကုန်သွားတဲ့ အိမ်ခြံမြေကို အမွေဆက်ခံခွင့် ရှိပါသလား

Tuesday, July 21, 2020

0 comments
မြေဂရန်သက်တမ်းကုန်သွားတဲ့ အိမ်ခြံမြေကို အမွေဆက်ခံခွင့် ရှိပါသလား

ဆရာ ဦးဇော်မင်း(နတ်မောက်) နှင့် DVB Law Lab အမေးအဖြေ